နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ အဖွဲ့ဝင်များနှင့်အတူ မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်အကျနေ့ဖြစ်သော ဧပြီလ ၁၄ ရက်နှင့် အကြတ်နေ့ဖြစ်သော ဧပြီလ ၁၅ ရက်တို့တွင်-
- နေပြည်တော်၊ ဇေယျာသီရိရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ရေ၊လေ) မိသားစုရေကစားမဏ္ဍပ်၊ နေပြည်တော်တိုင်းမဏ္ဍပ်၊ မြို့တော်ဝန်မဟာသင်္ကြန်မဏ္ဍပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန မိသားစုသင်္ကြန်မဏ္ဍပ်များ၌ လည်းကောင်း။
- နေပြည်တော်လေတပ်စခန်းမိသားစုမဟာသင်္ကြန်မဏ္ဍပ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား နေပြည်တော်ဘူတာကြီးဝင်းအတွင်းရှိ မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားမဏ္ဍပ်နှင့် လမ်းလျှောက်သင်္ကြန်တို့သို့လည်းကောင်း သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများပြည်သူများနှင့်အတူ အတာရေသဘင်ပွဲကို ပျော်ရွှင်စွာဆင်နွှဲပြီး နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစု သင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီမြှင့်ငွေများ ပေးအပ်ခဲ့။
နေပြည်တော်လမ်းလျှောက်သင်္ကြန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်းအတွင်းရှိ စိန်ပန်းမဏ္ဍပ်နှင့် မကျည်းရိပ်မဏ္ဍပ်တို့တွင်လည်း ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် အထူးစည်ကားလျက်ရှိပြီး မိသားစုသင်္ကြန်ယိမ်း အကအဖွဲ့များ၊ အနုပညာရှင်များနှင့် တေးသံရှင်များက တေးသီချင်းများ၊ ယိမ်းအကများဖြင့် သီဆိုကပြဖျော်ဖြေကာ ရေကစားမဏ္ဍပ်များတွင် စတုဒီသာများဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၁၆-၄-၂၀၂၃)
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ရေကစား မဏ္ဍပ်များ၌ နိုင်ငံကျော်အနုပညာရှင်များနှင့် တေးသံရှင်များ၊ မိသားစုသင်္ကြန်ယိမ်းအကအဖွဲ့များက သီဆိုကပြ ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးကာ ဂုဏ်ပြုလက်ဆောင်နှင့် ဂုဏ်ပြုချီမြှင့်ငွေများပေးအပ်ခဲ့။
Add new comment