လျှပ်စစ်ပစ္စည်းဆိုင်နှင့် စတိုးဆိုင်အား လက်ပစ်ဗုံးဖြင့်ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိပြည်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးအား ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသည့် အကြမ်းဖက်သမား ၂ ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပေါက်မောင်းနှင် ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ အကြမ်းဖက်သမား ၂ ဦးကို ပစ္စတို သေနတ် ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၉ မမ ကျည် ၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အထက်ပါဖြစ်စဉ်တွင် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးခဲ့ကြသည့် တာဝန်သိပြည်သူများအား ဇန်နဝါရီလ ၁၁ ရက်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ၍ ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး ဂုဏ်ပြုဆုငွေများနှင့် စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ပါသည်။

PDF အကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လျက်ရှိရာ မတရားသဖြင့် အနိုင်ကျင့်ခံနေရသော ဒေသခံပြည်သူများက ၎င်းတို့၏လှုပ်ရှားမှုသတင်းများအား လျှို့ဝှက်စွာပေးပို့လျက်ရှိသည့်အပြင် ယခုကဲ့သို့ ရဲဝံ့စွန့်စားစွာ အကြမ်းဖက်သမားများအား ပြန်လည်ခုခံ၍ ဝိုင်းဝန်းဖမ်းဆီးမှုများကို ဆောင်ရွက် လာကြသဖြင့် တာဝန်သိပြည်သူများအား နိုင်ငံတော်မှ အသိအမှတ်ပြု ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်ပါသည်။

  • ကျောင်းကုန်းမြို့၌ လျှပ်စစ်ပစ္စည်းဆိုင်နှင့် မီမီစတိုးအား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သည့် အကြမ်းဖက်သမားများအား ဝိုင်းဝန်းဖမ်းဆီးပေးသည့် တာဝန်သိပြည်သူများကို ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့။

Add new comment