၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ ပျားရည်တန်ချိန် ၁,၉၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ရရှိထား။

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ၁,၉၁၉,၁၅၆ ဒသမ ၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၄၇၀ ဒသမ ၆၆၁ သန်းရရှိခဲ့။

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ စက်မှုကုန်ချောတင် ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၄,၀၁၁ ဒသမ ၇၇၆ သန်းရရှိပြီး ပုဂ္ဂလိ ကပိုင်မှ အမေရိကန်ဒေါ်လာ ၆,၈၉၄ ဒသမ ၉၃၄ သန်းရရှိသည့်အတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀,၉၀၆ ဒသမ ၇၁ သန်းရရှိခဲ့။

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဧပြီလ ၁ ရက်မှ ၄ ရက်အတွင်း ပို့ကုန်တန်ချိန် ၅၄၂ တန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၁၈ သန်း ၊ သွင်းကုန်တန်ချိန် ၄၇၇ တန်၊ ၄၁၉၀ BBL မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၆ သန်းဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၁၈ သန်းဖိုး ကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၄-၂၀၂၃)

 

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လကုန်အထိ ပျားရည်တန်ချိန် ၁,၉၀၀ ကျော်တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းကျော် ရရှိထား။

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ ပဲမျိုးစုံတင်ပို့မှု အနေဖြင့် ၁,၉၁၉,၁၅၆ ဒသမ ၁ တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၄၇၀ ဒသမ ၆၆၁ သန်းရရှိခဲ့။

  • ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ စက်မှုကုန်ချောတင်ပို့မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၀,၉၀၆ ဒသမ ၇၁ သန်းရရှိခဲ့။

  • ကော့သောင်းကုန်သွယ်ရေးစခန်းမှ ဧပြီလ ၁ ရက်မှ ၄ ရက်အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၂၁၈ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့။

Add new comment