Argon Gas အရည်များသယ်ဆောင်လာသည့် မော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်

မြဝတီမြို့မှ မန္တလေးမြို့သို့ပို့ဆောင်ရန် ထွက်ခွာလာသည့် ဦးထွန်းမင်းဦး မောင်းနှင်ပြီး ရဲထူးအောင် လိုက်ပါလာသော Argon Gas အရည် ၁၉ တန် သယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ဇန်နဝါရီလ ၁၁ ရက်တွင် ကော့ကရိတ်မြို့နယ်၊ တတန်ကူးကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာသို့ ရောက်ရှိစဉ် PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ရာ မော်တော်ယာဉ်၏ လေကာမှန်နှင့် ကားဘီးများ လက်နက်ငယ်ကျည် ထိမှန်ပျက်စီးခဲ့ပါသည်။

နိုင်ငံတော်အစိုးရအား ဆန့်ကျင်လျက်ရှိသော သတင်းမီဒီယာများသည် ကျန်းမာရေးသုံးအောက်ဆီဂျင်များ၊ စက်မှုသုံး Gas များ၊ သယ်ဆောင်လာသည့် မော်တော်ယာဉ်များအား တပ်မတော်ပိုင် လေယာဉ်ဆီများ တင်ဆောင်လာသည်ဟု လူမှုကွန်ရက်ပေါ်မှ သတင်းတု၊ သတင်းအမှားများ ထုတ်လွှင့်သောကြောင့် PDF အကြမ်းဖက်အဖွဲ့များက အဆိုပါမော်တော်ယာဉ်များအား လမ်းခရီးမှစောင့်ဆိုင်း၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ ချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသဖြင့် ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် ဆုံးရှုံးနစ်နာမှုများ  ဖြစ်ပေါ်လျက်ရှိပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးရမိရေးနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။

  • မြဝတီမြို့မှ မန္တလေးမြို့သို့ ပို့ဆောင်ရန် Argon Gas အရည်များ တင်ဆောင်လာသည့် မော်တော်ယာဉ်အား PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့။

 

Add new comment