နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ဧပြီလ ၇ ရက်နှင့် ၈ ရက်တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ နောင်ဝိုး၊ ကျိုင်းခမ်းနှင့် မိုင်းပျဉ်း တပ်နယ်တို့ရှိ နယ်မြေခံတပ်များသို့ သွားရောက်၍ အရာရှိ၊ စစ်သည်၊ မိသားစုများအား သီးခြားစီတွေ့ဆုံ အမှာစကားပြောကြားရာတွင်-
- နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရပြီး ၇၅ နှစ်ကျော်ကာလအတွင်း တွေ့ကြုံခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင်ကြုံတွေ့ချိန်တိုင်းတွင်လည်း တပ်မတော်သည် နိုင်ငံအတွက် မားမားမတ်မတ် ရပ်တည်ခဲ့ ကြောင်း။
- ထိုသို့ မိမိတို့တပ်မတော်ရှိနေ၍လည်း တပ်မတော်အား နိုင်ငံရေးဇာတ်ခုံမှ အပြီးတိုင်ဖယ်ရှားရန် အစဉ်အဆက် ကြိုးပမ်းမှုများခံခဲ့ရပြီး ယနေ့အချိန်အခါတွင် ပို၍ပင် တပ်မတော်ပြိုကွဲရေးအား ကြိုးပမ်းလျက်ရှိရာ နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ၊ စစ်ရေးအရ ထိုးနှက်မှုများဆောင်ရွက်လာခဲ့ကြောင်း။
- တပ်မတော်၏ နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာလုပ်ဆောင်မှုများတွင်လည်း နိုင်ငံတကာ၏ အထင်လွဲမှားမှုနှင့် ဖိအားပေးမှုများ ဖြစ်ပေါ်စေရန် အကြမ်းဖက်အဖွဲ့များက ကျေးရွာများကို မီးရှို့မှုအား တပ်မတော်မှ မီးရှို့ သောအသွင်ဖြင့် လုပ်ဆောင်လျက်ရှိသည့်အပြင် အကြမ်းဖက်အဖွဲ့များ၏ အုပ်စုလိုက် ရက်ရက်စက်စက်ဒလန်သတင်းပေးသတ်မှတ်၍ သတ်ဖြတ်မှုအပေါ်တွင်လည်း တပ်မတော်မှ သတ်ဖြတ်မှုအဖြစ် စွပ်စွဲ၍ တရားခံဖြစ်စေရေးစသည်ဖြင့် လူမှု ကွန်ရက်များတွင် ဝါဒဖြန့်လျက်ရှိကြောင်း။
- အဆိုပါလုပ်ကြံအကျပ်ကိုင်မှုများကို စုစည်းညီညွတ်သောစွမ်းအားဖြင့် ရင်ဆိုင်ကျော်လွှားကြရမည်ဖြစ်ကြောင်း။
- အောင်မြင်သော တပ်ပိုင်နှင့် တစ်ပိုင်တစ်နိုင်စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများသည် ထိရောက်သော သက်သာချောင်ချိမှုဖြစ်စေပြီး သက်သာချောင်ချိမှုကောင်းမွန်ခြင်းဖြင့် လုပ်ငန်းတာဝန်ထမ်းဆောင်မှုအပေါ် စိတ်ဓာတ်ရေးရာအရများစွာ အထောက် အကူပြုနိုင်ကြောင်း။
- စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ဦး၊ ရေး၊ ထောက် ပင်နယန်ကို ဟန်ချက်ညီလည်ပတ်နိုင်အောင်ဆောင်ရွက်ရန် အရေးကြီးသည့်အပြင် သက်သာချောင်ချိရေးနှင့် အုပ်ချုပ်ရေးကောင်မွန်မှုသည် မိမိတပ်ဖွဲ့ကို ချစ်စိတ်၊ သံယောဇဉ်စိတ်ကို ဖြစ်ပေါ်စေကြောင်း။
- နိုင်ငံကို ဖျက်ဆီးလိုသူများသည် နိုင်ငံတော်၏ အဓိကထောက်တိုင်ဖြစ်သော တပ်မတော်ကိုဖြိုခွဲရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း တပ်မတော်သားနှင့် မိသားစုဝင်တို့၏ ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကြောင့် ခိုင်မာတောင့်တင်း သော Institution အဖြစ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိကြောင်း ပြောကြားခဲ့။
တွေ့ဆုံပွဲများအပြီး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)နှင့် ဇနီးတို့က တပ်နယ်အသီးသီးမှ အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့ရာ တာဝန်ရှိများသူက လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၃)
- နိုင်ငံတော်အနေဖြင့် လွတ်လပ်ရေးရပြီး ၇၅ နှစ်ကျော်ကာလအတွင်း တွေ့ကြုံခဲ့ရသည့် လက်နက်ကိုင်ပဋိပက္ခများနှင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ရင်ဆိုင် ကြုံတွေ့ချိန်တိုင်းတွင်လည်း တပ်မတော်သည် နိုင်ငံအတွက် မားမားမတ်မတ်ရပ်တည်ခဲ့။
- စစ်ဆင်ရေးနှင့် လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်ရန်အတွက် ဦး၊ ရေး၊ ထောက် ပင်နယန်ကို ဟန်ချက်ညီလည်ပတ်နိုင်အောင်ဆောင်ရွက်ရန် အရေးကြီးသည့်အပြင် သက်သာချောင်ချိရေးနှင့် အုပ်ချုပ်ရေးကောင်မွန်မှုသည် မိမိတပ်ဖွဲ့ကို ချစ်စိတ်၊ သံယောဇဉ်စိတ်ကို ဖြစ်ပေါ်စေနိုင်။
- နိုင်ငံကို ဖျက်ဆီးလိုသူများသည် နိုင်ငံတော်၏ အဓိကထောက်တိုင်ဖြစ်သော တပ်မတော်ကိုဖြိုခွဲရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိသော်လည်း တပ်မတော်သားနှင့် မိသားစုဝင်တို့၏ ရေပက်မဝင်သော စည်းလုံးညီညွတ်မှုကြောင့် ခိုင်မာတောင့်တင်းသော Institution အဖြစ် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်လျက်ရှိ။
Add new comment