နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့်နည်းပညာ သိပ္ပံကျောင်းမှ နည်းပြများနှင့် သင်တန်းသားများအား တွေ့ဆုံအမှာစကားပြော

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ဧပြီလ ၉ ရက်တွင် ဟိုပုံးတပ်နယ်၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းရှိ နည်းပြများနှင့် သင်တန်းသားများအား ကျောင်းသင်တန်းခန်းမ၌ သွားရောက်တွေ့ဆုံ အမှာစကား ပြောကြားခဲ့ရာတွင်-

  • တပ်ရင်းတပ်ဖွဲ့များတွင် လိုအပ်သော အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာများတွင် ပညာရှင်အဖြစ် အသုံးချနိုင်ရန်ဖြစ်၍ မိမိသင်ကြားထားသည့် ဘာသာရပ်များကို Professional ကျကျ တတ်မြောက်သည်အထိ လေ့လာသင်ကြားကြရန် လိုပြီး လက်တွေ့နယ်ပယ်တွင်လည်း ထိထိရောက်ရောက် အသုံးချနိုင်ရန်လိုကြောင်း။
  • မိမိတာဝန်ထမ်းဆောင်ရာ နယ်မြေဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များတွင်လည်း လိုအပ်လာပါက အပြည့်အဝကူညီ ပေးနိုင်ရန်လိုကြောင်း။
  • ယနေ့ကာလတွင် နိုင်ငံတော်ကို ၎င်းတို့ဩဇာခံအဖြစ် ၎င်းတို့အလိုကျ နည်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်ဝေဖန်လျက်ရှိရာ ရုပ်သေးအစိုးရဖြစ်ပေါ်လာစေရေး အကြမ်းဖက်မှုကိုအားပေးသော အဖွဲ့အစည်းကြီးအချို့၊ အကြမ်းဖက်မှုဟု အထောက်အထားခိုင်လုံစွာ ရရှိသော်လည်း အဆိုပါအကြမ်းဖက်အဖွဲ့အစည်းအပေါ် ကွယ်ရာတစ်မျိုး၊ နိုင်ငံတကာမျက်နှာစာတွင်တစ်မျိုး ပေါ်ပေါ်တင်တင် ဗြောင်ကျကျ အားပေးအားမြောက်ပြုနေသူများကို နိုင်ငံကြီးအချို့က အားပေး အားမြောက် ပြုနေကြောင်း။
  • ၎င်းနိုင်ငံကြီးအချို့၏ ထောက်ပံ့မှုကိုရယူလျက် အချို့သော  နိုင်ငံဖျက် မိုးလုံးမှိုင်းမုသာဝါဒီ မီဒီယာများကလည်း အလိမ်အညာဝါဒဖြန့်မှုများ ပြုလုပ်နေ၍ မိမိ၏ မိသားစုများ နားယောင်မှုမရှိစေရေး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရန် စာကောင်းပေမွန်များဖတ်ရှုခြင်းနှင့် သတင်းမှန်များ သိရှိနိုင်အောင်ဆောင်ရွက်ပေးခြင်းများ ပြုလုပ်ကြရန်လိုကြောင်း။
  • စစ်စည်းကမ်းချိုးဖောက်မှုအချို့တွင် ငွေကြေးဆိုင်ရာ ကိစ္စရပ်များတွေ့ရသောကြောင့်  စစ်သည်တော်တိုင်း တစ်ဦးခြင်းအနေဖြင့် မိမိ၏ဝင်ငွေနှင့် ထွက်ငွေမျှတ စွာသုံးစွဲတက်ရန်လိုပြီး မူးယစ်ဆေးဝါး၊ လောင်းကစားကဲ့သို့ တားမြစ် ထားမှုများကို ကိုယ်တိုင်နှင့် မိသားစုများအပါအဝင် ကင်းရှင်းစွာနေထိုင်ရန်လိုကြောင်း။
  • ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်အရေးပါလာကြောင်း၊ မိမိတတ်သိထားသည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုတတ်ကျွမ်းအောင် စဉ်ဆက် မပြတ် ကြိုးပမ်းသွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဗိုလ်ချုပ်ကြီး မောင်မောင်အေးတို့က နည်းပြများနှင့် သင်တန်းသားများအတွက် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် စားသောက်ကုန်ပစ္စည်းများကိုပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီး လိုက်လံနှုတ် ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၂)

  • တပ်ရင်းတပ်ဖွဲ့များတွင် လိုအပ်သော အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာများတွင် ပညာရှင်အဖြစ် အသုံးချနိုင်ရန်ဖြစ်၍ မိမိသင်ကြားထားသည့် ဘာသာရပ်များကို Professional ကျကျ တတ်မြောက်သည်အထိ လေ့လာသင်ကြားကြရန် လိုပြီး လက်တွေ့ နယ်ပယ်တွင်လည်း ထိထိရောက်ရောက် အသုံးချနိုင်ရန်လို။
  • မိမိတာဝန်ထမ်းဆောင်ရာ နယ်မြေဒေသဆိုင်ရာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် အင်ဂျင်နီယာဆိုင်ရာကိစ္စရပ်များ၊ အင်ဂျင်နီယာနှင့်ပတ်သက်သည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များတွင်လည်း လိုအပ်လာပါက အပြည့်အဝ ကူညီပေးနိုင်ရန်လို။
  • ခေတ်မီတပ်မတော်တစ်ရပ်အဖြစ် တည်ဆောက်ရာတွင် အသိပညာရှင်၊ အတတ်ပညာရှင်များ၏ အခန်းကဏ္ဍသည် ပိုမိုကျယ်ပြန့်အရေးပါလာကြောင်း၊ မိမိတတ်သိထားသည်နှင့် ရောင့်ရဲတင်းတိမ်မနေဘဲ ပိုမိုတတ်ကျွမ်းအောင် စဉ်ဆက်မပြတ် ကြိုးပမ်းသွားကြရန်လို။

Add new comment