နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံ၊ တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို လိုက်လံက

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့်ဇနီး ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့လိုက်ပါ၍ ဧပြီလ ၉ ရက်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေး တပ်ရင်းနှင့် တပ်နယ်အတွင်း စိုက်ပျိုး/မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုသွား ရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ-

  • ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် အဖွဲ့ဝင်များလိုက်ပါ၍ ဗထူးမြို့ရှိ တပ်မတော်ဆေးရုံသို့ရောက်ရှိခဲ့ရာ ဆေးကုသမှုခံယူလျက်ရှိသည့် သံဃာတော်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံပြည်သူများကို လိုက်လံကြည့်ရှုပြီး တစ်ဦးချင်း၏ ရောဂါအခြေအနေများအား မေးမြန်းအားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့။

  • ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ဇနီး ဒေါ်သန်းသန်းနွယ်နှင့် အဖွဲ့ဝင်များသည် အမျိုးသမီးနှင့်ကလေးကုသဆောင်သို့ သွားရောက်၍ လူနာများအား လိုက်လံကြည့်ရှု အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့‌။

  • ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း)တိုက်ခိုက်ရေးကျောင်း(ဗထူး)ရှိ သုံးထပ်စာသင်ဆောင်သို့ ရောက်ရှိခဲ့ရာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တာဝန်ရှိသူများအား သိရှိလိုသည်များမေးမြန်း၍ လေ့ကျင့်သင်ကြားရေးဆိုင်ရာကိစ္စရပ်များနှင့် ကျောင်းအုပ်ချုပ်မှုဆိုင်ရာလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့။

  • ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့သွားရောက်၍ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုးမွေးမြူရေးဇုန် စုစုပေါင်း ၅၅ ဧက တည်‌ဆောက်ထားရှိမှု အခြေအနေ၊ ရာသီသီးနှံနှင့် မြေအစား ထိုးသီးနှံစိုက်ပျိုးထားရှိမှုများ၊ Green House အတွင်း စိုက်ပျိုးထားရှိမှုများနှင့် ကျောက်စိမ်းတစ်သျှူးငှက်ပျော (သီးမွှေး) စိုက်ပျိုးထားရှိမှုများ၊ DYL မျိုးမြင့် သားပေါက်ဝက်များနှင့် မြေစိုက်ရေခံအဆောက် အအုံနှင့် လေလုံအအေးပေးအဆောက်အအုံအတွင်း ဥစားကြက်များ မွေးမြူ ထားရှိမှု၊ နို့စားနွားနှင့် အသားတိုးနွားများ မွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့။

  • ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းရှိ စိုက်ပျိုးမွေးမြူထားရှိမှုတို့ကိုလည်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများမှထွက်ရှိသည့် ထုတ်ကုန် အသား၊ ငါး၊ အသီးအရွက်များအား တပ်ရင်း/တပ်ဖွဲ့များရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် လုံလောက် ဖူလုံစွာရရှိနိုင် ရန်နှင့် ပိုလျှံပါက နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများ၏ သက်သာ‌ချောင်ချိ ရေးအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးရန် မှာကြားခဲ့။

  • ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အဖွဲ့ဝင်များသည် တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာ(ဗထူးစမ်း)သို့ သွားရောက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၏ အကူအညီဖြင့် ရေကျော် တမံအသေးတည်ဆောက်လျက် လယ်မြေသစ် များဖော်ထုတ်၍ ၎င်းလယ်မြေများတွင် အာလူးတစ်ဧကနှင့် နွေစပါးရှစ်ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ပါသည်။   

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်အဖွဲ့ဝင်များသည် တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ပေါင်းစည်းလယ်ယာစနစ် စိုက်ပျိုး/မွေးမြူရေး ခြံသို့သွားရောက်ပြီး ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်နှင့် နို့စားနွားမွေးမြူထား ရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးထားရှိမှုများ ကိုလည်းကောင်း၊ တပ်မတော် (ကြည်း) အရာခံ နှင့် အကြပ်ကြီးသင်တန်းရှိ ရာသီသီးနှံစိုက်ခင်းများ၊ နို့စားနွားနှင့် ဝက်မွေးမြူရေးခြံ များကိုလည်းကောင်း လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၂)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တာဝန်ရှိသူများလိုက်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)ဗထူးတပ်နယ်ရှိ တပ်မတော်ဆေးရုံ၊ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းနှင့် တပ်နယ်အတွင်း စိုက်ပျိုး/ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကိုသွား ရောက်ကြည့်ရှုစစ်ဆေးခဲ့။

Add new comment

Switch to plain text editor