အင်းလေး PDF အကြမ်းဖက်အဖွဲ့သည် နိုင်ငံတော်၏ အုပ်ချုပ်မှုယန္တရား ပျက်ပြားစေရန်နှင့် သင်္ကြန်ကာလအတွင်း အင်းလေးဒေသ၌ အပြစ်မဲ့ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားမှုကို နှောင့်ယှက်ဖျက်စီးရန်အတွက် ရေပေါ်သင်္ကြန်ပြုလုပ်မည့်နေရာများတွင် ဖောက်ခွဲဖျက်ဆီးခြင်းများလုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်းအကြမ်းဖက်မှု ကိုမလိုလားသည့် ပြည်သူများမှ လျှို့ဝှက်စွာသတင်းပေးပို့ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အင်းလေးဒေသအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သမားများ၏ အန္တရာယ်မှ တားဆီးကာကွယ်နှိမ်နင်းရေးနှင့် အကြမ်းဖက်သမားများအား ကြိုတင်သတင်းလက်ဦးမှုရယူ၍ ဖော်ထုတ်ဖမ်းဆီးခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိပါသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်တွင် ညောင်ရွှေမြို့၊ မိုင်းလီ (၅) ရပ်ကွက်၌ အင်းလေး PDF အကြမ်းဖက်အဖွဲ့ဝင် လေးလွင်မျိုး(ခ)ကိုမျိုးနှင့် ခိုင်ဇာဝင်းတို့အား လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၈ လုံး၊ လက်လုပ်သေနတ် ပြောင်း ၂ ခု၊ လက်လုပ်ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-
- လေးလွင်မျိုး(ခ)ကိုမျိုးသည် NLD ပါတီအမာခံများဖြစ်သည့် တရားခံပြေး ကျော် မင်းဟိန်း(ခ)ကျော်ကြီးနှင့် ကိုစိုင်း(ခ)အင်းဆားကူးတို့၏ ချိတ်ဆက်ပေးမှုဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖယ်ခုံမြို့နယ်၊ ကာဟန့်ကျေးရွာအနီးရှိ အင်းလေး PDF ရင်း (၁၀၀၉) ၌ အကြမ်းဖက်ဖောက်ခွဲရေးသင်တန်းအား ၁ လခန့် တက်ရောက်ခဲ့ပြီး လက်လုပ်မိုင်းပြုလုပ်နည်းနှင့် ဖောက်ခွဲနည်းများကို သင်ယူခဲ့ကြောင်း။
- အကြမ်းဖက်သင်တန်းဆင်းပြီးနောက် တရားခံ လေးလွင်မျိုးသည် ညောင်ရွှေမြို့၊ မိုင်းလီ (၅) ရပ်ကွက်ရှိ ၎င်း၏နေအိမ်သို့ ပြန်လာခဲ့ပြီး ၎င်းနှင့် တရားမဝင်ပေါင်းသင်းနေထိုင်သူ တရားခံ ခိုင်ဇာဝင်းနှင့်အတူ လက်လုပ်မိုင်းများကို စတင်စမ်းသပ်ပြုလုပ်ခဲ့ ကြောင်း။
- ၎င်းသည် လက်လုပ်မိုင်းများနှင့် ရှေ့ထွက်လက်လုပ်မိုင်းများကို ကိုယ်တိုင်ပြုလုပ်ကာ ပေါက်ကွဲအားပြင်းထန်သည့် ယမ်းနှင့် မိုင်းများအား ၅ ဂါလံဆံ့ အဝါရောင်ဆီ ပုံးများအတွင်းသို့ ထည့်သွင်းကာ အင်းလေးဒေသ၌ အပြစ်မဲ့ပြည်သူများ အေးချမ်းပျော်ရွှင် စွာ ရေပေါ်သင်္ကြန်ပြုလုပ်မည့် နေရာများသို့ ရေမျှော၍ အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်ထားကြောင်း။
- ထို့အပြင် သင်္ကြန်ကာလအတွင်း ညောင်ရွှေမြို့ပေါ်၌ ရေကစားမှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်လဝကရုံး၊ မြို့နယ်သမဝါယမရုံးနှင့် မြို့နယ်စည်ပင်ရုံးတို့အား မိုင်းထောင်ဖောက်ခွဲရန် စီစဉ်ထားပြီး အဆိုပါလုပ်ငန်းများအောင်မြင်ပါက တရားခံပြေး ကိုစိုင်းမှ ငွေကျပ် ၅ သိန်းပေးမည်ဟု ညှိနှိုင်းသဘောတူထားခဲ့ကြောင်း။
- NLD ပါတီအမာခံများဖြစ်သည့် တရားခံပြေး ကျော်မင်းဟိန်းနှင့် ကိုစိုင်းတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ဟဲဟိုးမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး၌ အင်းလေးဖောင်တော်ဦးဘုရားနှင့် ရွှေအင်းတိန်ဘုရားများသို့ ဘုရားဖူးရန် လာရောက်သည့် အပြစ်မဲ့ပြည်သူများအား သေကြေပျက်စီးစေရန်ရည်ရွယ်၍ အကြမ်းဖက်မှုများလုပ်ဆောင်ရန် ဝင်ရောက်လာသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင်အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံ ခဲ့ရသည့်အပြင် အဖွဲ့ဝင် ၄ ဦး သေဆုံးပြီး လက်နက်မျိုးစုံ ၁၂ လက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်း အမြောက်အများ သိမ်းဆည်းခံရမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် တရားခံ လေးလွင်မျိုးအား ရေပေါ်သင်္ကြန်ပြုလုပ်မည့် နေရာများတွင် ဖောက်ခွဲ ဖျက်ဆီးခြင်းများ လုပ်ဆောင်ရန် ခိုင်းစေခဲ့ကြောင်း။
- တရားခံ လေးလွင်မျိုးအနေဖြင့်လည်း ငွေကြေးရယူလိုမှုဖြင့် အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကွက်ပြည့်နင်းရှာဖွေစစ်ဆေးဖော်ထုတ်မှုတို့ကြောင့် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး မဆောင် ရွက်နိုင်မီ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။
ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ၎င်းတို့သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေး တိုင်ကြားနိုင်ပါကြောင်းနှင့် မြို့ရွာများ အမြန်ဆုံးအေးချမ်း တည်ငြိမ်ရေးနှင့် မဟာသင်္ကြန်ကာလအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ရန် မေတ္တာရပ်ခံထားကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၄-၂၀၂၃)
- အင်းလေးရေပေါ်သင်္ကြန်အား ယုတ်မာရက်စက်သောအကြံဖြင့် ဖောက်ခွဲဖျက်ဆီးရန် စီစဉ်လျက်ရှိသည့် အင်းလေး PDF အကြမ်းဖက်အဖွဲ့ဝင် တရားခံ ၂ ဦးတို့အား လက်လုပ်လေသေနတ် ၁ လက်၊ လက်လုပ်ရှေ့ထွက်မိုင်း ၆ လုံး၊ လက်လုပ်မိုင်း မျိုးစုံ ၈ လုံး၊ လက်လုပ်သေနတ်ပြောင်း ၂ ခု၊ လက်လုပ်ကျည်ရိုက်တံ ၁ ခု၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် PVC ပိုက် ၈ ချောင်း၊ စနက်ကြိုး ၆ ချောင်း၊ ဝရိန်စက် ၁ လုံး၊ ဖောက်စက် ၁ ခု၊ ကန့် ၁၀ ကျပ်သား၊ ယမ်း၂၅ ကျပ်သား၊ မီးသွေးမှုန့် ၁၀ ကျပ်သားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့။
- NLD ပါတီအမာခံများဖြစ်သည့် တရားခံပြေး ကျော်မင်းဟိန်းနှင့် ကိုစိုင်းတို့သည် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၉ ရက်တွင် ဟဲဟိုးမြို့နယ်၊ ညောင်ခါးရှည်ကျေးရွာအနီး ၌ အင်းလေးဖောင်တော်ဦးဘုရားနှင့် ရွှေအင်းတိန်ဘုရားများသို့ ဘုရားဖူးရန်လာ ရောက်သည့် အပြစ်မဲ့ပြည်သူများအား သေကြေပျက်စီးစေရန်ရည်ရွယ်၍ အကြမ်း ဖက်မှုများလုပ်ဆောင်ရန် ဝင်ရောက်လာသည့် ရှမ်းပြည်နယ်(တောင်ပိုင်း) PDF အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဇော်ဇော်အောင် အပါအဝင် အကြမ်းဖက်အဖွဲ့ဝင် ၈ ဦး ဖမ်းဆီးခံခဲ့ရ။
Add new comment