မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ် ညှိနှိုင်းအစည်းအဝေးကျင်းပ

       မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုဆိုင်ရာ သုံးဦးသုံးဖလှယ်အစည်းအဝေးကို ဧပြီလ ရက်တွင် Video Conferencing ဖြင့် တွေ့ဆုံဆွေးနွေးရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာ၊ လာအိုနိုင်ငံဝန်ကြီးချုပ် ဆုံဆိုင်းဆီဖန်ဒုံနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက-

  • ယခုကိစ္စသည် သုံးနိုင်ငံရှိပြည်သူများ၏ လူမှုရေးနှင့်စီးပွားရေးကဏ္ဍများကို ထိခိုက်စေလျက်ရှိသဖြင့် မိမိတို့အနေဖြင့် လက်တွဲဖြေရှင်းရမည်ဖြစ်ပြီး အကောင်းဆုံးဖြေရှင်းနိုင်ရန်အတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • တောမီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းမှုများကြောင့် သုံးနိုင်ငံစလုံးရှိ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍများကို ထိခိုက်စေလျက်ရှိသဖြင့် ထိုသို့မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်လို ကြောင်း။
  • စိုက်ပျိုးရေးနေရာများကို မီးရှို့ခြင်း၊ စွန့်ပစ်ပစ္စည်းများကို မီးရှို့ခြင်းစသည့်ကိစ္စရပ်များကို ပြည်သူလူထုအတွင်း အသိပညာပေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
  • မိမိတို့ နိုင်ငံအနေဖြင့် နယ်စပ်လေထုဖြတ်ကျော်ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်လည်း ပိုမိုတိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ဟုယုံကြည်ပြီး ချင်းယိုင်စီမံချက်အတိုင်း ဆောင်ရွက်ရန်လိုကြောင်း။
  • မိမိတို့နိုင်ငံများအနေဖြင့် နယ်စပ်ဖြတ်ကျော်လေထုညစ်ညမ်းမှုများကို တစ်နိုင်ငံနှင့်တစ်နိုင်ငံ အပြန်အလှန်ပူးပေါင်းမှုများဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်းပြောကြားခဲ့။

လာအိုနိုင်ငံဝန်ကြီးချုပ်ဆုံဆိုင်းဆီဖန်ဒုံက-

  • လက်ရှိမိမိတို့သုံးနိုင်ငံ ရင်ဆိုင်နေရသည့် လေထုညစ်ညမ်းမှုသည် ဘုံဖြေရှင်းရမည့်ကိစ္စရပ်တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ရည်မှန်းချက်ထားပြီး ကာကွယ်တားဆီးရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိကြောင်း။
  • ထိုသို့ဆောင်ရွက်ရာတွင်လည်း မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ အတွေ့အကြုံ များအပေါ်မူတည်ပြီးလည်း ဆောင်ရွက်လျက်ရှိသကဲ့သို့ လာအိုနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့၏ လေထုညစ်ညမ်းမှုကာကွယ်ရေး သဘောတူညီချက်များ အတိုင်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း။
  • နိုင်ငံတစ်နိုင်ငံအနေဖြင့် တောမီးလောင်ကျွမ်းမှုနှင့် လေထုညစ်ညမ်းမှုများကို ကာကွယ်ရမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် ရေရှည်အတွက် ကြိုတင်မျှော်တွေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က-

  • နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုသည် အာဆီယံဒေသအတွင်း ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံနှင့် မြန်မာနိုင်ငံတို့၌ မကြာခဏဖြစ်ပေါ်လေ့ရှိသည့် ကိစ္စရပ်တစ်ခုဖြစ်ပြီး မဲခေါင်ဒေသခွဲနိုင်ငံများတွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ စတင်ခဲ့ သည့် တောမီးလောင်ကျွမ်းမှုကြောင့် မီးခိုးမြူငွေ့ဖြစ်ပေါ်မှုများသည် ပိုမိုများပြားလာကြောင်း။
  • ASEAN Specialized Meteorological Centre (ASMC) မှ ရရှိသော အချက်အလက်များအရလည်း မီးခိုးမြူငွေ့သိပ်သည်းစွာ ဖြစ်ပေါ်မှုသည် ၂၀၂၃ ခုနှစ်၊ ဧပြီ ရက်တွင် မြန်မာနိုင်ငံအရှေ့ပိုင်း၌ အနည်းငယ်ဖြစ်ပေါပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် လာအိုနိုင်ငံတောင်ပိုင်းတို့တွင် ပိုမိုဖြစ်ပေါ်လျက်ရှိသည်ကို တွေ့ရှိရကြောင်း။
  • ASEAN Specialized Meteorological Centre (ASMC)က ခန့်မှန်းထားချက်အရ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ယခုနှစ်မေလခန့်အထိဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုနှင့် နယ်စပ်ဖြတ် ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရသည့် အတွက် ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ပြီး ဒေသတွင်းနိုင်ငံ များနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများနှင့် ၂၀၁၇ ချင်းရိုင်လုပ်ငန်းစီမံချက်ကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအလေးထား ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့် Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေးအတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံများရေးဆွဲလျက် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိကြောင်း။
  • လက်ရှိအချိန်တွင် မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် မီးလောင်ကျွမ်းမှု အချက်အလက်များရရှိနိုင်ရေးနှင့် လေထုအရည်အသွေးစောင့်ကြည့် တိုင်းတာရေးကိရိယာများ တည်ထောင်နိုင်ရေးအပါအဝင် နယ်စပ်ဖြတ်ကျော် မီးခိုး မြူငွေ့ညစ်ညမ်းမှု၊ တောမီးနှင့်အခြားအကြောင်းအမျိုးမျိုးကြောင့် လောင်ကျွမ်းသည့်မီးများကိုကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်မာနိုင်ငံအနေဖြင့် ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
  • မြန်မာနိုင်ငံအနေဖြင့်လည်း မီးဘေးအန္တရာယ် တားဆီးကာကွယ်ခြင်း၊ ငြှိမ်း သတ်ခြင်း၊ ပြန်လည်ထူထောင်ခြင်းဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်ခြင်း၊ တောမီးအန္တရာယ်ဆိုင်ရာ သတင်းအချက်အလက်နှင့် စဉ်ဆက်မပြတ် စောင့် ကြည့်လေ့လာခြင်း၊ တောမီးလောင်မှု အန္တရာယ်လျော့နည်းစေရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခြင်း၊ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကိုဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းပြောကြားခဲ့။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဆွေးနွေးပွဲ၌ အဆိုပြုချက် ချက်ပြောကြားခဲ့ရာ ပထမအချက်အနေဖြင့် သုံးနိုင်ငံ နယ်စပ် ဒေသ၌ စိုက်ပျိုးရေးဆောင်ရွက်ရာတွင် တောင်ယာစိုက်ပျိုးမှုများကိုလည်း လျှော့ချရန် လိုပြီး ကုန်းမြင့်လယ်စိုက်ပျိုးခြင်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် ရန်နှင့် မြေဩဇာရရှိနိုင်ရေးကိစ္စရပ်များကိုလည်း ဆောင်ရွက်ရန်လိုကြောင်း၊ ဒုတိယ အချက်အနေဖြင့် စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်နှင့် နည်းပညာများအသုံးပြု ဆောင်ရွက်ရန်လိုကြောင်းနှင့် အဆိုပါလေထုညစ်ညမ်းမှုများကို အမြန်ဆုံးဖြေရှင်း ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့သုံးနိုင်ငံအနေဖြင့် အရှိန်အဟုန် ပြင်းပြင်း ဆောင်ရွက် သွားရမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၈-၄-၂၀၂၃)

  • မီးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာသည့်လေထုညစ်ညမ်းမှုများကြောင့် သုံးနိုင်ငံ စလုံးရှိ ပြည်သူများ၏ ကျန်းမာရေးကဏ္ဍနှင့် အခြားကဏ္ဍများကို ထိခိုက်စေလျက် ရှိသဖြင့် ထိုသို့မဖြစ်ပေါ်စေရေး ထိန်းသိမ်းဆောင်ရွက်ရန်လို။
  • လာအိုနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံတို့မှ အတွေ့အကြုံများအပေါ် မူတည် ပြီးဆောင်ရွက်လျက်ရှိသကဲ့သို့ အာဆီယံအဖွဲ့၏ လေထုညစ်ညမ်းမှုကာကွယ်ရေး သဘောတူညီချက်များအတိုင်းလည်း လိုက်နာဆောင်ရွက်လျက်ရှိ။
  • ASEAN Specialized Meteorological Centre (ASMC)က ခန့်မှန်းထားချက်အရ ပူပြင်းခြောက်သွေ့သည့် ရာသီဥတုအခြေအနေသည် မဲခေါင်ဒေသခွဲနိုင်ငံများတွင် ယခုနှစ် မေလခန့်အထိဖြစ်ပေါ်ပြီး မီးလောင်ကျွမ်းမှုနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ် ညမ်းမှုများ ပိုမိုဖြစ်ပေါ်လာနိုင်သည်ဟု သိရှိရသည့်အတွက် ထိန်းချုပ်ရေးလုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ပြီး ဒေသတွင်းနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရ မည်ဖြစ်။
  • မြန်မာနိုင်ငံအနေဖြင့် Fire Hotspot လျှော့ချရေးနှင့် မီးခိုးမြူငွေ့ထိန်းချုပ်ရေး အတွက် နိုင်ငံအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ဖွဲ့စည်းထားရှိပြီး လုပ်ငန်းအစီအမံ များ ရေးဆွဲလျက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ။
  • သုံးနိုင်ငံ နယ်စပ်ဒေသ၌ စိုက်ပျိုးရေးဆောင်ရွက်ရာတွင် တောင်ယာစိုက်ပျိုးမှုများ ကိုလည်း လျှော့ချရန်လိုပြီး ကုန်းမြင့်လယ်စိုက်ပျိုးခြင်းလုပ်ငန်းများကို အကောင် အထည်ဖော်ဆောင်ရွက်ရန်နှင့် မြေဩဇာရရှိနိုင်ရေးကိစ္စရပ်များကို လည်း ဆောင်ရွက် ရန်လိုသကဲ့သို့ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ရန်နှင့် နည်းပညာများအသုံးပြု ဆောင်ရွက်ရန်လို။

Add new comment