ကလေးမြို့တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

      မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီလ ၆ ရက်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ထွန်းနိုင်ဦး(ခ)ကိုထွန်း၏ နေအိမ်၌ ဘိန်းဖြူအလေးချိန် ၁၁ ကီလိုအားလည်းကောင်း၊ ရန်ပိုင်ဌေး(ခ)ကိုပိုင်၏ နေအိမ်၌ ဘိန်းဖြူအလေးချိန် ၁၁ ကီလိုအားလည်းကောင်း စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလိုသိမ်းဆည်းရရှိခဲ့ပါသည်။

အလားတူ ဧပြီလ ၅ ရက်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်ရှိ အိုက်ကော(ခ)လောက်အယ်၏ နေအိမ်၌ M 21 ရိုင်ဖယ် (၁၃) လက်၊ ပါရီအမျိုးအစား 81 ရိုင်ဖယ်ဒင်ခေါက် (၁) လက်၊ .22 Sniper (၁) လက်၊ ၁၂ ဗို့ ၁ လုံးထိုး ပြောင်းချောသေနတ် (၁) လက်၊ လက်လုပ် သေနတ်ဒင်ခေါက် (၁) လက်၊ ၇.၆၂ × ၃၉ ကျည် (၈၉) တောင့်၊ ကြိုးဆွဲလက်ပစ်ဗုံး (၁) လုံး၊ ကျည်အိမ်မျိုးစုံ (၁၅) ခု၊ လက်နက်ပြုပြင်ရာတွင် အသုံးပြုသည့်ဆက်စပ်ပစ္စည်းများကို တရားခံ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။ ထပ်မံ၍ အဆိုပါနေအိမ်အား ရှာဖွေစစ်ဆေးခဲ့ရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၃,၀၅၀ ပြား၊ ကက်တမင်း ၈ ဂရမ်၊ စိတ်ပြောင်းဆေးဝါး Happy Water ၉၉ ဂရမ်နှင့် ကျည်မျိုးစုံ ၂၉ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ပါသည်။

စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ဘိန်းဖြူများအား မန္တလေးမှ ကလေးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် တာဝန်ရှိသူများက ဖမ်းဆီးရမိတရားခံအား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ မြဝတီသတင်းစာ(၁၀-၄-၂၀၂၃)

 

  • ဧပြီလ ၆ ရက်၌ ကလေးမြို့တွင် တရားခံ ၃ ဦးနှင့်အတူ စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၂၂ ကီလိုသိမ်းဆည်းရမိခဲ့။
  • ဧပြီလ ရက်၌ မူဆယ်မြို့တွင် တရားခံ ဦးအား မူးယစ်ဆေးဝါးများ၊ သေနတ် (၁၇) လက်၊  ကျည် (၁၁၈) တောင့်၊ ကျည်အိမ် (၁၅) ခုနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့။

Add new comment