ဇန်နဝါရီလ ၉ ရက်တွင် မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၊ အပေါကျေးရွာ အထကခွဲ(အပေါ)ကျောင်းမှ ကျောင်းအုပ်ဆရာဖြစ်သည့် ဦးသက်နောင်ထွန်း(၃၁)နှစ်သည် ၎င်းနေထိုင်ရာ ကျောင်းဝင်းအတွင်းရှိနေအိမ်၌ ကျောင်းသား၊ ကျောင်းသူများအား အချိန်ပိုစာသင်ကြားပေးနေစဉ် ချင်းပြည် နယ်၊ ကန်ပတ်လက်မြို့နယ် ဘက်မှ လက်နက်များကိုင်ဆောင် ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား အင်အား ၄၀ ဦးခန့်က ကျောင်းအုပ်ဆရာအား“CDM ပြုလုပ်ခြင်းမရှိဘဲ ကျောင်း ဖွင့်လှစ်ထားသည်” ဟုဆိုကာ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းအုပ်ဆရာကြီး မသေစေချင်လျှင် ငွေကျပ်သိန်း ၁၀ဝ ဖြင့် လာရောက်ရွေးယူရန်ပြောဆို၍ ကျေးရွာ၏အနောက် ဘက်တောအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။
အဆိုပါကျေးရွာနေ ရပ်မိရပ်ဖများမှ ကလေးသူငယ်များအား ပညာသင်ကြားပေးလျက်ရှိသည့် ကျောင်းအုပ်ဆရာကြီးအား ပြန်လည်ကယ်ဆယ်နိုင်ရေးအတွက် ကျေးရွာနေပြည်သူများ စုပေါင်း၍ ငွေကောက်ခံခဲ့ရာ ငွေကျပ် သိန်း ၃၀ ရရှိခဲ့သဖြင့် ကျေးရွာ၏အနောက်ဘက်တောအတွင်းသို့ သွားရောက်၍ အကြမ်းဖက်သမားများ အား ငွေကျပ်သိန်း ၃၀ ပေးအပ်ညှိနှိုင်းခဲ့ရာ ကျောင်းအုပ်ဆရာကြီးအား အကြမ်းဖက်သမားများက ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
အကြမ်းဖက်သမားများသည် ကျောင်းအုပ်ဆရာအား ဖမ်းဆီးခေါ်ဆောင်ထားစဉ်အတွင်း ကျောင်းဖွင့်လှစ်ခြင်းအားရပ်နား၍ CDM ပြုလုပ်ရန် ခြိမ်းခြောက်ဖိအားပေးခြင်း၊ ၎င်း၏ဆံပင်များအား လေးကွက်ကြားညှပ်ခြင်းများအပြင် နားရွက်ကို အပေါက်ဖောက်ခြင်းစသည့် ညှဉ်းပန်းနှိပ်စက်ခြင်းများအား လူသားချင်းစာနာ ထောက်ထားမှုကင်းမဲ့စွာ အရှက်ဂုဏ်သိက္ခာညှိုးနွမ်းစေရေး ပြုလုပ်ခဲ့ပါသည်။
အကြမ်းဖက်သမားများသည် အနန္တောအနန္တဂိုဏ်းဝင် ဆရာ၊ ဆရာမများအား အကြမ်းဖက်သတ်ဖြတ်မှုမြောက်များစွာ ကျုးလွန်ခဲ့သည့်အပြင် ယခုအခါ ဓါးပြတိုက်၊ လုယက်ခြင်း များကိုပါ ထပ်တိုးလုပ်ဆောင်လာသည့်အတွက် မတရားအနိုင် ကျင့်ခံနေရသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ၎င်းတို့၏ အကြမ်းဖက် လုပ်ရပ်မျိုးစုံကို လက်မခံနိုင်တော့ဘဲ ဆန့်ကျင်ကန့်ကွက်လာကြောင်း သိရှိရပါသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေခံတပ်မတော် စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
- စေတုတ္တရာမြို့နယ် အပေါကျေးရွာမှ ကျောင်းအုပ်ဆရာတစ်ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်း ဆီးခေါ်ဆောင်ကာ ငွေကျပ်သိန်း ၁၀၀ ဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့။
- အကြမ်းဖက်သမားများသည် ကျောင်းအုပ်ဆရာအား ဖမ်းဆီးခေါ်ဆောင်ထားစဉ်အတွင်း ကျောင်းဖွင့်လှစ်ခြင်းအား ရပ်နား၍ CDM ပြုလုပ်ရန် ခြိမ်းခြောက်ဖိအားပေးခြင်း၊ ၎င်း၏ဆံပင်များအား လေးကွက်ကြားညှပ်ခြင်းများအပြင် နားရွက်ကို အပေါက်ဖောက်ခြင်းစသည့် ညှဉ်းပန်းနှိပ်စက်ခြင်းများအား လူသားချင်းစာနာထောက်ထားမှု ကင်းမဲ့စွာ အရှက်ဂုဏ်သိက္ခာညှိုးနွမ်းစေရေး ပြုလုပ်ခဲ့။
- လုံခြုံရေးတပ်ဖွဲ့ဝင်များက ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား ၎င်းတို့နှင့် ပူးပေါင်းပါဝင်လာ စေရန်နှင့် အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် နယ်မြေခံတပ်မတော်စစ်ကြောင်းများနှင့်ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိ။
Add new comment