ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၆ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် အရိန္ဒမာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ဦးဆောင်သည့် ဗဟိုအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌက-
- မူးယစ်ဆေးဝါးထုတ်လုပ်မှု လျှော့ချနိုင်ရေးအတွက် တားဆီးနှိမ်နင်းရေးကဏ္ဍ တစ်ခုတည်း ဆောင်ရွက်၍မရဘဲ ဓာတုပစ္စည်းထိန်းချုပ်ရေးကဏ္ဍသည်လည်း အရေးကြီးကြောင်း။
- “ပရီကာဆာမရှိလျှင် မူးယစ်ဆေးဝါးမရှိ၊ သုံးစွဲသူမရှိလျှင် မူးယစ်ဆေးဝါးပြဿနာမရှိ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်တားဆီး နှိမ်နင်းရာတွင် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း။
- ထိန်းချုပ်ဓာတုပစ္စည်းများနှင့် အခြားဓာတုပစ္စည်းများ နယ်စပ်ဒေသများနှင့် ပြည်တွင်းတို့မှတစ်ဆင့် ရှမ်းပြည် နယ်သို့ နည်းလမ်းမျိုးစုံဖြင့် တရားမဝင် ဝင်ရောက်လျက်ရှိသည့်အတွက် ဖော်ထုတ်အရေးယူနိုင်ရန် Operation 39 အထူးစစ်ဆင်ရေးကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှ မေလ ၃၁ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း။
- Operation 39 အထူးစစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ ထိန်း ချုပ်ဓာတုပစ္စည်းဖြန့်ချိခြင်းဆိုင်ရာ ပမာဏသတ်မှတ်ချက်များ၊ ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ တင်သွင်းခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်ဆက်စပ်သည့် ကြီး ကြပ်ကွပ်ရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည်ကို ဖော်ထုတ်ရရှိခဲ့ကြောင်း ပြောကြားခဲ့။
တက်ရောက်လာသည့် ကိုယ်စားလှယ်များက အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံများ UNODC အပါအဝင် နိုင်ငံတကာမူးယစ်ဆေးဝါးတိုက်ဖျက်ရေး အေဂျင်စီများနှင့် သတင်းဖလှယ်ခြင်း၊ စွမ်းရည်မြှင့်သင်တန်းများဖွင့်လှစ်ခြင်းနှင့် နှစ်နိုင်ငံအစည်း အဝေးများကျင်းပခြင်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ လူလုပ်မူးယစ်ဆေးဝါး များထုတ်လုပ်မှုတွင် ဓာတုပစ္စည်းများကိုသာ အသုံးပြုပေါင်းစပ်ထုတ်လုပ်နေခြင်းဖြစ်သဖြင့် ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် တားဆီးကြပ် မတ်ထိန်းချုပ်နိုင်ရေး နိုင်ငံတကာမူးယစ်တိုက်ဖျက်ရေး Agency များနှင့် သတင်းဖလှယ်ပူးပေါင်းဆောင်ရွက်မှု၏ အကြံပြုချက်များနှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း ဓာတုပစ္စည်းများ ထိန်းချုပ်မှုအပေါ် ပူးပေါင်းဆောင်ရွက်သင့်သည်များကို တင်ပြဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဧပြီလ ၇ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၇-၄-၂၀၂၃)
- “ပရီကာဆာမရှိလျှင် မူးယစ်ဆေးဝါးမရှိ၊ သုံးစွဲသူမရှိလျှင် မူးယစ်ဆေးဝါးပြဿနာ မရှိ” ဆိုသည့် ဆောင်ပုဒ်အတိုင်း မူးယစ်ဆေးဝါးပြဿနာကို ထိန်းချုပ်တားဆီးနှိမ်နင်းရာတွင် ဒေသတွင်းနိုင်ငံများသာမက နိုင်ငံတကာအဖွဲ့အစည်းများမှလည်း ပူးပေါင်းဆောင်ရွက်သွားရန်လိုအပ်။
- Operation 39 အထူးစစ်ဆင်ရေးကာလအတွင်း ထိန်းချုပ်ဓာတုပစ္စည်းနှင့် အခြားဓာတုပစ္စည်းများ တင်သွင်းခြင်း၊ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ အသုံးပြုခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့်ဆက်စပ်သည့် ကြီးကြပ်ကွပ်ရေးဆိုင်ရာ လိုအပ်ချက်များရှိနေသည်ကို ဖော်ထုတ်ရရှိခဲ့။
Add new comment