NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက ပဲခူးတိုင်းဒေသကြီး၊ ပဲခူး ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ၂၃၀/၃၃/၁၁ ကေဗွီ ၁၆၀ အမ်ဗွီအေ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးများပစ်ချတိုက်ခိုက်ခဲ့သဖြင့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများ ထိခိုက်ပျက်စီးမှုများနှင့်ပတ်သတ်၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားပါသည်-
NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ၂၃၀/၃၃/၁၁ ကေဗွီ ၁၆၀ အမ်ဗွီအေ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်မှု အခြေအနေအား သတင်းထုတ်ပြန်ခြင်း
၂၀၂၃ ခုနှစ်၊ ဧပြီလ ၅ ရက်
၁။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို စီမံဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ စီမံဆောင်ရွက်နေသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏လိုအပ်ချက်ကို လုံလောက်အောင် ဖြည့် ဆည်းပေးနိုင်မှု မရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကို အခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင် ရွက်ဖြန့်ဖြူးလျက်ရှိပါသည်။
၂။ ထိုသို့ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၄ - ၄ - ၂၀၂၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ သာယာကုန်းကျေးရွာရှိ ၂၃၀/၃၃/၁၁ ကေဗွီ ၁၆၀ အမ်ဗွီအေ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးများပစ်ချတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်း (၂) ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ (၁) ဦး သေဆုံးကာ၊ ဓာတ်အားခွဲရုံအတွင်းရှိ ရဲနွယ်၊ ရွှေကျင်၊ ကွန်းကျောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် ဓာတ်အား (၅၅) မဂ္ဂါဝပ်ကို ဓာတ်အားလိုင်းများ နှင့် ချိတ်ဆက်ဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့ပါသည်။ အဆိုပါ ထိခိုက်ပျက်စီးခဲ့မှုကြောင့် နိုင်ငံတော်ဓာတ်အား စနစ်တစ်ခုလုံး (၂၁:၁၉) နာရီချိန်ခန့်တွင် ဓာတ်အားပြတ်တောက်ခဲ့ရပြီး ဓာတ်အားစနစ်အတွင်းသို့ ဓာတ်အားပြန်လည် ရရှိရေး အမြန်ဆုံးဆောင်ရွက်ခဲ့ရာ ၅ - ၄ - ၂၀၂၃ ရက်၊ (၀၀:၄၉) နာရီတွင် ဓာတ်အားစနစ်သို့ ဓာတ်အားပုံမှန်ပြန်လည်ပို့လွှတ် ချိတ်ဆက်နိုင်ခဲ့ပါသည်။
၃။ သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၂၉) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၃)
- PDF အမည်ခံအကြမ်းဖက်သမားများမှ သာယာကုန်းပင်မဓာတ်အားခွဲရုံအား ဒရုန်းဖြင့် ဗုံးပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြည်သူ့ဝန်ထမ်း (၂) ဦးထိခိုက်ဒဏ်ရာရရှိပြီး၊ (၁) ဦးသေဆုံးကာ၊ ဓာတ်အားခွဲရုံအတွင်းရှိ ရဲနွယ်၊ ရွှေကျင်၊ ကွန်းကျောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိ သည့် ဓာတ်အား (၅၅) မဂ္ဂါဝပ်ကို ဓာတ်အားလိုင်းများနှင့် ချိတ်ဆက်ဖြန့်ဖြူးပေးလျက်ရှိသည့် ထရန်စဖော်မာများနှင့် ဓာတ်အားခွဲရုံသုံးပစ္စည်းများ ထိခိုက်ပျက်စီးခဲ့။
- PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့ လျှပ်စစ်ဓာတ်အားဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၂၉) ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့။
Add new comment