နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

      ၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ် (၅၀) ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြား၏ (၂၈)နှစ်မြောက် နှစ်ပတ် လည်နေ့အခမ်းအနားကို ဧပြီလ ၅ ရက်တွင် နေပြည်တော်ကောင်စီနယ်မြေရှိ အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမှာစကားပြောကြားရာတွင်-

  • မိမိတို့နေထိုင်ရာ လူ့ပတ်ဝန်းကျင်သည် နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက် ဖြစ်ပေါ်လျက်ရှိကြောင်း၊ လူ့ပတ် ဝန်းကျင် အသိုင်းအဝန်းအတွင်း သတင်းအချက်အလက်များသိရှိအောင် ပြုလုပ်ပေးနိုင်ခြင်းသည် ပြည်သူ့ဆက်ဆံရေးလုပ်ငန်း၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း။
  • နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခု ဖြစ်သည့်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန်အရေးကြီးပြီး မီဒီယာသည် မဏ္ဍိုင်ကြီး ၃ ခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုပင်ဖြစ်ကြောင်း။
  • ယနေ့ မိမိတို့နိုင်ငံတွင် ပြည်သူများ၏အသံကို ပီပြင်အောင်ပြုလုပ်နိုင်သည့် အရာသည် မီဒီယာဖြစ်သကဲ့သို့ အစိုးရအဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များကို ပြည်သူများသိရှိလာအောင် ဆောင်ရွက်ရာတွင်လည်း မီဒီယာသည် အဓိကပင်ဖြစ်ကြောင်း။
  • မြဝတီရုပ်မြင်သံကြားသည် ပြည်သူများကို မှန်ကန်သည့် အသိအမြင်၊ အတွေးအခေါ်ရစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် အမျိုးသားရေး အမြင်ဖြင့် အစဉ်ကြိုးပမ်းထုတ်လွှင့်လျက်ရှိကြောင်း။
  • မြဝတီရုပ်မြင် သံကြားအနေနှင့် ပြန်ကြားပေးရန် တာဝန်ကိုထမ်းဆောင်ရာတွင် စတင်ထုတ်လွှင့်ခဲ့ချိန်မှ ယနေ့ကာလအထိ တပ်မတော်သားမိသားစုဝင်များကိုသာမက ပြည်သူလူထုအတွက် သိသင့်သိထိုက်သည့်၊ လူအများသိရှိရန် လိုအပ်သည့် မူဝါဒ၊ သတင်းအချက်အလက်စသည်များကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိကြောင်း။
  • မြန်မာနိုင်ငံတစ်ဝှမ်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် မိမိကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ကြောင်း။
  • မြဝတီရုပ်မြင်သံကြား စတင်ထုတ်လွှင့်ချိန်တွင် Analog စနစ်နှင့် ထုတ်လွှင့်ခဲ့ခြင်းဖြစ်ကာ ပြောင်းလဲတိုးတက်လာသည့် ခေတ်ကာလနှင့်အညီ အဆင့်မြှင့်တင်ဆောင်ရွက်မှုများပြုလုပ်ခဲ့ပြီး Analog စနစ်မှသည် Digital စနစ်၊ Standard Definition(SD)စနစ် ကူးပြောင်း၍ (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့မှ စတင်ကာ High Definition(HD) စနစ်သို့ ပြောင်းလဲ ထုတ်လွှင့်နိုင်ခဲ့ကြောင်း။
  • ရုပ်မြင်သံကြား အစီအစဉ်တစ်ခုဖြစ်လာရေး တစ်ဦးတစ်ယောက်ကောင်း ဆောင်ရွက်၍မရဘဲ လူသားအရင်း အမြစ် စွမ်းအား၊ အနုပညာနှင့် အတတ်ပညာကို အံဝင်ခွင်ကျပေါင်းစပ်လုပ်ကိုင်ရသည့် သဘောရှိသောကြောင့် ဟန်ချက်ညီစွာ ဆောင်ရွက်နိုင်ကြမှသာ ပြည်သူလူထုနှစ်သက်သဘောကျသည့် ရုပ်မြင်သံကြားအစီ အစဉ်ကောင်းတစ်ခု ဖြစ်လာမှာပင်ဖြစ်ကြောင်း။
  • ပြည်သူအပေါ် အသိပညာဗဟုသုတပေးနိုင်ရေး၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ကြမည့်၊ နိုင်ငံတော်ကို ထုဆစ်ပုံဖော်ကြမည့်၊ လက်ဆင့်ကမ်း တာဝန်ယူကြမည့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရေး၊ ပညာတတ်သားကောင်းရတနာများ ဖြစ်လာစေရေးသည် မိဘ၊ ဆရာများအပေါ်၌လည်း တာဝန်ရှိသကဲ့သို့ ရုပ်သံမှ စဉ်ဆက်မပြတ် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေပေးခြင်း အပေါ်၌လည်း များစွာမူတည်နေကြောင်း။
  • ခေတ်နှင့်လျော်ညီသည့် ထုတ်လွှင့်မှုပုံစံများနှင့် ထုတ်လွှင့်ရမည်ဖြစ်သကဲ့သို့ လူမှုရေးဦးတည်ချက် ၄ ရပ်ထဲတွင် ပါသည့် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများမပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသည့်အချက်နှင့်အညီ ထုတ်လွှင့်ပြသကြရန်လည်း တိုက် တွန်းမှာကြားလိုကြောင်း။
  • မြဝတီရုပ်မြင်သံကြားသည် ယနေ့ဆိုပါက နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီရုပ်မြင်သံကြား ဒစ်ဂျစ်တယ်လိုင်းများကို ကောင်းမွန်စွာကြည့်ရှုနိုင်စေရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံတော်တာဝန်ရယူခဲ့ချိန်မှ ယနေ့ထိတိုင် အမျိုးသားအကျိုး စီးပွားကိုရှေးရှုသည့် ဆောင်ရွက်ချက်များကို နေ့စဉ်ထုတ်သတင်းစာများနှင့် မြဝတီရုပ်မြင်သံကြားအပြင် နိုင်ငံတော်ပိုင်သတင်းဌာနကြီးများကပါ ဖော်ပြပေးလျက်ရှိကြောင်း။
  • မိမိတို့အစိုးရ၏ စစ်မှန်သည့်အမျိုးသားရေး စိတ်ဓာတ်အပြည့်နှင့် တိုင်းပြည် တည်ဆောက်ရေးလုပ်ငန်းများ၊ အမျိုးဘာသာ သာသနာအကျိုး သယ်ပိုးမှုများ၊ ငြိမ်းချမ်းရေးဖိတ်ခေါ် ကမ်းလှမ်းချက်များကို မြဝတီ Media Group ဖြစ်သည့် သတင်းစာ၊ ရုပ်မြင်သံကြား၊ ရေဒီယိုအသံလွှင့်ဌာန အသီးသီးကို ကြည့်ရှုသူတိုင်း တွေ့မြင်ကြားသိကြမည်ဖြစ်ကြောင်း။
  • ယနေ့ ၂၁ ရာစုတွင် သတင်းစီးဆင်းမှုနှုန်းသည် မြန်ဆန်သောကြောင့် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ထွန်းမှုနောက်ကို မီဒီယာအားကောင်းကောင်းနှင့် လိုက်ပါနိုင်စွမ်းရှိရန်လိုပြီး အချို့သတင်းမီဒီယာများသည် တိကျမှု၊ ဘက်မလိုက်မှု၊ မျှတမှု စသည့် မီဒီယာကျင့်ဝတ်များကို လိုက်နာမှုမရှိ၊ ကျင့်ဝတ်နှင့်မညီညွတ်စွာ သတင်းများဖော်ပြနေသည်ကို တွေ့ရကြောင်း။
  • တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းချက်၊ နှိုးဆော်ချက်မပါရှိဘဲ သမိုင်းစဉ်ဆက် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကိုသာ မျှော်ရည်မှန်းပြီး ဆောင်ရွက်ခဲ့ကြောင်း။
  • မိမိတို့တပ်မတော်၏ မီဒီယာလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသည့် မြဝတီရုပ်မြင်သံကြား၊ မြဝတီစာပေတိုက်၊ မြဝတီသတင်းစာတိုက်၊ ရတနာပုံသတင်းစာတိုက်နှင့် သဇင်အသံလွှင့်ဌာနတို့သည် တိကျခိုင်မာသည့် သတင်းမှန်များအပေါ် မှန်ကန်မြန်ဆန်စွာ တင်ပြနိုင်ရန်လိုသကဲ့သို့ သတင်းမီဒီယာ ကျင့်ဝတ်ကို အလေး ထားသည့် မီဒီယာများဖြစ်စေရေး ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း။
  • မြဝတီရုပ်မြင်သံကြား၏ “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်” ဟူသည့် ရည်မှန်းချက်များနှင့်အညီ တပ်မတော်နှင့်ပြည်သူကို ဆက်လက်ပေါင်းကူးပေးပြီး တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတော်ကာ ကွယ်ရေးလုပ်ငန်းများ၌ နိုင်ငံတော်ကအားထားရပြီး ပြည်သူကအားကိုး ယုံ ကြည်ရသည့် မီဒီယာတစ်ခုဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်ကျောင်းများမှ နိုင်ငံတော်အဆင့်ပြည်တွင်းပြိုင်ပွဲများနှင့် ပြည်ပပြိုင်ပွဲများတွင် ဆုရရှိခဲ့ကြသည့် အရာရှိ၊ စစ်သည်၊ အစားခန့်ဝန်ထမ်းများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ပြီးနောက် မြဝတီရုပ်မြင်သံကြားမှ အရာရှိ၊ စစ်သည်၊ ဝန်ထမ်းမိသားစုများ အတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို တာဝန်ရှိသူများထံပေးအပ်ခဲ့ပါသည်။

          အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အဖွဲ့ဝင်များ သည် အမှတ်(၂)တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေးတပ်၊ မြဝတီရုပ်မြင်သံကြားစက်ရုံအတွင်းလှည့်လည်၍ သရုပ်ပြသရိုက်ကူးမှုများ၊  Production Studio၊ News Studio၊ Presentation Room တို့အတွင်း သတင်းဖတ်ကြားမှုများနှင့် ထုတ်လွှင့်မှုများ ဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

      ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင် ရေးညွှန်ကြားရေးမှူးရုံး၊ မြဝတီရုပ်မြင်သံကြားကို ၁၉၉၅ ခုနှစ်၊ မတ် ၂၇ ရက်၊ နှစ်(၅၀) ပြည့် ရွှေရတုတပ်မတော်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ တစ်ဝှမ်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ်(၂) တပ်မတော်ရုပ်မြင်သံကြား ထုတ်လွှင့်ရေး တပ်(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်  ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၆-၄-၂၀၂၃)

 

  • နိုင်ငံတော်တည်ဆောက်ရေးတွင် အဓိကမဏ္ဍိုင်ကြီး ၃ ခု ဖြစ်သည့်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာတို့ ဟန်ချက်ညီရန်အရေး ကြီးပြီး မီဒီယာသည် မဏ္ဍိုင်ကြီး ၃ ခုကို မယိမ်းမယိုင်စေရေး တည့်မတ်ပေးသည့် မဏ္ဍိုင်တစ်ခုပင်ဖြစ်။
  • မြဝတီရုပ်မြင်သံကြားသည် ပြည်သူများကို မှန်ကန်သည့်အသိအမြင်၊ အတွေးအခေါ်ရစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် အမျိုးသားရေးအမြင်ဖြင့် အစဉ် ကြိုးပမ်းထုတ်လွှင့်လျက်ရှိ။
  • မြန်မာနိုင်ငံတစ်ဝှမ်းလုံး တိုးချဲ့ထုတ်လွှင့်နိုင်ရေးအတွက် အမှတ် (၂) တပ်မတော် ရုပ်မြင်သံကြားထုတ်လွှင့်ရေးတပ်(နေပြည်တော်)ကို ၂၀၀၉ ခုနှစ်၊ ဇွန်လ ၁၉ ရက်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်တွင် မိမိကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့။
  • ပြည်သူအပေါ် အသိပညာဗဟုသုတပေးနိုင်ရေး၊ နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန် ထမ်းဆောင်ကြမည့်၊ နိုင်ငံ တော်ကို ထုဆစ်ပုံဖော်ကြမည့်၊ လက်ဆင့်ကမ်း တာဝန်ယူကြမည့် လူငယ်လူရွယ်များ လမ်းမှားမရောက်စေရေး၊ ပညာတတ် သားကောင်းရတနာများ ဖြစ်လာစေရေးသည် မိဘ၊ ဆရာများအပေါ်၌လည်း တာဝန်ရှိသကဲ့သို့ ရုပ်သံမှ စဉ်ဆက်မပြတ် အသိပညာ၊ ဗဟုသုတများ ဖြန့်ဝေပေးခြင်းအပေါ်၌လည်း များစွာမူတည်နေ။
  • မြဝတီရုပ်မြင်သံကြားသည် ယနေ့ဆိုပါက နိုင်ငံတစ်ဝန်းရှိ မြို့ကြီး ၃၅ မြို့၌ ဒစ်ဂျစ်တယ်ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများ တည်ဆောက်ပေးနိုင်ခဲ့ပြီး မြို့ပေါင်း ၁၄၅ မြို့၌ မြဝတီရုပ်မြင်သံကြား ဒစ်ဂျစ်တယ်လိုင်းများကို ကောင်းမွန်စွာကြည့်ရှုနိုင်စေရေး ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်။
  • တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းချက်၊ နှိုးဆော်ချက်မပါရှိဘဲ သမိုင်းစဉ်ဆက် နိုင်ငံအကျိုး၊ ပြည်သူအကျိုးကိုသာ မျှော်ရည်မှန်းပြီးဆောင်ရွက်ခဲ့။
  • မြဝတီရုပ်မြင်သံကြား၏ “ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်၊ စည်းရုံးရန်” ဟူသည့် ရည် မှန်းချက်များနှင့်အညီ တပ်မတော်နှင့်ပြည်သူကို ဆက်လက် ပေါင်းကူးပေးပြီး တိုင်းပြည်တည်ဆောက်ရေးနှင့် နိုင်ငံတော်ကာကွယ်ရေးလုပ်ငန်းများ၌ နိုင်ငံတော်ကအားထားရပြီး ပြည်သူကအားကိုး ယုံကြည်ရသည့် မီဒီယာတစ်ခုဖြစ်အောင် ကြိုးစားတည်ဆောက်သွားကြရမည်ဖြစ်။

Add new comment