PDF အမည်ခံအကြမ်းဖက်သမားများက ပညာသင်ကြားပေးလျက်ရှိသည့် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်းများပြုလုပ်

NUG ၏စေခိုင်းချက်ဖြင့် အလုံးစုံပျက်သုဉ်းရေးလမ်းစဉ်အရ  အနာဂတ်ကလေးသူငယ်များ၏ ပညာသင်ကြားမှုကို လိုလားမှုမရှိသည့် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ပစ်ပေါက်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဆရာ၊ ဆရာမများအား အကြမ်းဖက်ခြိမ်းခြောက်ခြင်း၊ ရက်စက်စွာသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်းနှင့် ဓါးပြတိုက်လုယက်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိပါသည်။

ဇန်နဝါရီလ ၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာနေ အထက(ပုတီး)ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်လှလှညွန့် (၄၈) နှစ်သည် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်ဇော်မိုး(၅၃)နှစ်နှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၈ ဦး ရောက်ရှိလာပြီး CDM ပြုလုပ်ခြင်း မရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပေချောင်ကျေးရွာအနီးတွင် သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ ၉ ရက်တွင် ကသာမြို့နယ်၊ လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းနှင့် ကျောက်တုံးကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတို့အား  ပြန်လည်ဖွင့်လှစ်ခဲ့ရာ-

· ဇန်နဝါရီလ ၁၀ ရက်တွင် လက်ပန်ဇင်ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ၄ ဦးက လက်နက်များ ကိုယ်စီကိုင်ဆောင်ကာ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမများနေထိုင်သည့် အခန်းများအား ဖျက်ဆီးဝင်ရောက်ပြီး “ကျောင်းဖွင့်လှစ်ခြင်း မပြုလုပ်ရန်၊ ကျောင်းဖွင့်ပါက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏အသက်ကို အာမမခံကြောင်းနှင့် ကျောင်းအား မီးရှို့ဖျက်ဆီးပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ ဆရာ၊ ဆရာမတို့၏ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့။

· အဆိုပါ အကြမ်းဖက်သမား ၄ ဦးက ကျောက်တုံးကြီးကျေးရွာ အထကကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းနေထိုင်သည့် ဆရာ၊ ဆရာမများထံမှ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ကာ၊ ကျောင်းဖွင့်လှစ်ခြင်းမပြုလုပ်ရန် ခြိမ်းခြောက်ပြောဆိုပြီး ကိုယ်ထိလက်ရောက်ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ ရိုက်နှက် ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဆရာ၊ ဆရာမအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့။

· ဒေါင့်ကြီးကျေးရွာရှိ အထက(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးထံသို့ အကြမ်းဖက်သမားတစ်ဦးက ဖုန်းဖြင့် အလားတူ ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်းသိရှိရ။

PDF အကြမ်းဖက်သမားများနှင့် အစွန်းရောက် NLD ထောက်ခံသူများသည် အနာဂတ်ကလေးသူငယ်များ၏ အေးချမ်းစွာပညာသင်ကြားမှုကို နှောင့်ယှက်ဟန့်တားရန် စာသင်ကျောင်းများနှင့် အပြစ်မဲ့ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများအား အဓိကပစ်မှတ်ထား၍ အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင် လျက်ရှိပါသည်။ ထိုကဲ့သို့ စာသင်ကျောင်းများနှင့် ကလေးသူငယ်များအား ပစ်မှတ်ထားတိုက်ခိုက်နေသည့် အကြမ်းဖက်သမားများအား နိုင်ငံတကာမှဝိုင်းဝန်းဆန့်ကျင်ရန် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူများက လိုလားလျက်ရှိပါသည်။

ထိုကဲ့သို့ ကလေးသူငယ်များ ပညာသင်ကြားလျက်ရှိသည်ကို လိုလားမှုမရှိဘဲ အကြမ်းဖက်ကျူးလွန်ခဲ့သည့် အကြမ်း ဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေးတို့အတွက် နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

  • တန့်ဆည်မြို့နယ်၊ ပုတီးကျေးရွာနေ အထက(ပုတီး)ကျောင်းမှ မူလတန်းပြဆရာမဖြစ်သည့် ဒေါ်လှလှညွန့်သည် ၎င်း၏ ခင်ပွန်းဖြစ်သူနှင့်အတူ နေအိမ်၌ရှိနေစဉ် PDF အမည်ခံအကြမ်းဖက်သမား ၈ ဦး ရောက်ရှိလာပြီး CDM ပြုလုပ်ခြင်း မရှိသည့်အတွက်ဟုဆိုကာ ၎င်းတို့ ၂ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားပြီး ပေချောင်ကျေးရွာအနီးတွင် သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့။
  • PDF အမည်ခံအကြမ်းဖက်သမား ၄ ဦးက လက်နက်များကိုယ်စီကိုင်ဆောင်ကာ ဆိုင်ကယ် ၂ စီးဖြင့် လက်ပန်ဇင် ကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်း ဆရာ၊ ဆရာမ များနေထိုင်သည့် အခန်းများအား ဖျက်ဆီးဝင်ရောက်ပြီး “ကျောင်းဖွင့်လှစ်ခြင်း မပြုလုပ်ရန်၊ ကျောင်းဖွင့်ပါက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အသက်ကိုအာမ မခံကြောင်းနှင့် ကျောင်းအား မီးရှို့ ဖျက်ဆီးပစ်မည်”ဟု ခြိမ်းခြောက်ပြောဆိုကာ ဆရာ၊ ဆရာမတို့၏ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့။
  • အဆိုပါ  အကြမ်းဖက်သမား ၄ ဦးက ကျောက်တုံးကြီးကျေးရွာ အထကကျောင်းဝင်းအတွင်းသို့ ရောက်ရှိလာပြီး ကျောင်းဝင်းအတွင်းနေထိုင်သည့် ဆရာ၊ ဆရာမများထံမှ လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်ကာ၊ ကျောင်း ဖွင့်လှစ်ခြင်း မပြုလုပ်ရန်ခြိမ်းခြောက်ပြောဆိုပြီး ကိုယ်ထိလက်ရောက် ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ ရိုက် နှက်ခြင်းများ ပြုလုပ်ခဲ့သဖြင့် ဆရာ၊ ဆရာမအချို့  ထိခိုက်ဒဏ်ရာရရှိခဲ့။

 

Add new comment