မြန်မာနိုင်ငံ၌ သင်္ကြန်မတိုင်မီနှင့် သင်္ကြန်လွန်ကာလများတွင် စက်သုံးဆီသုံးစွဲသူများ အဆင်ပြေစိတ်ချမ်းသာစွာသုံးစွဲနိုင်ရန်နှင့် စက်သုံးဆီ Tanker များ စဉ်ဆက်မပြတ် ဝင်ရောက်နိုင်ရန်အတွက် စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၊ စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့၏ ပူးပေါင်းစီစဉ်ဆောင်ရွက်မှုဖြင့် စင်ကာပူနိုင်ငံမှတင်သွင်းလာသည့် စက်သုံးဆီတင်သင်္ဘောကြီးများသည် ဧပြီ လ ၄ ရက်မှစတင်၍ သီလဝါဆိပ်ကမ်းရှိ စက်သုံးဆီသိုလှောင်ကန်စခန်းJetty များသို့ ဆိုက်ကပ်ရောက်ရှိလျက်ရှိပါသည်။
သီလဝါ Terminal အပါအဝင် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအခြေအနေ အနေဖြင့်-
- 92 ၄,၃၃၇,၄၀၅ ဂါလန်၊ 95 ၁၀၄၈၀၅၁၄ ဂါလန်၊ 97 ၁,၇၂၇,၄၀၃ ဂါလန်ရှိပြီး ဒီဇယ် ၃၀,၉၃၂,၂၉၉ ဂါလန်နှင့် ပရီမီယံ ၂,၉၇၈,၉၄၅ ဂါလန်ရှိ။
- လေးလပိုင်း ၁၅ ရက်အတွင်း သင်္ဘောအစီးရေ ၁၃ စီးခန့်ရောက်ရှိမည်ဖြစ်ပြီး တန်အရေအတွက်အရ ၂၁၈,၀၁၄ တန်၊ ဂါလန်အရ ၆၀,၈၃၇,၃၀၈ ဂါလန်ရှိ။
- ဧပြီလ ၄ ရက်သီလဝါဆိပ်ကမ်းဒေသက Terminal များတွင် သိုလှောင်ထားရှိ သည့် စက်သုံးဆီလက်ကျန်အခြေအနေမှာ 92 RON ဂါလန် ၄၁ သန်းကျော်၊ 95 RON ဂါလန် ၁၀ သန်းကျော်၊ 97 RON ဂါလန် ၁ ဒသမ ၇ သန်းကျော်၊ ဒီဇယ်ဆီ ဂါလန် ၁၉ သန်းကျော်၊ ပရီမီယံဒီဇယ်ဂါလန် ၁၈ သန်းကျော်ရှိ။
စွမ်းအင်ဝန်ကြီးဌာန၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများအနေဖြင့် သီလဝါဆိပ်ကမ်း ဒေသရှိ စက်သုံးဆီသိုလှောင်ကန်စခန်းJetty များသို့ ရောက်ရှိဆိုက်ကပ်လာသည့် စက်သုံးဆီတင်ဆောင်လာသော Tanker များတွင် စက်သုံးဆီပါရှိမှုနှင့် Terminal သိုလှောင်ကန်များမှ လက်ခံရရှိမှုတို့အား တိုင်းတာခြင်းနှင့် Terminal များမှ စက်သုံးဆီ အ ရောင်းဆိုင်များနှင့် အခြားကဏ္ဍများသို့ စက်သုံးဆီဖြန့်ဖြူးပေးမှုများကို အနီးကပ်ကြီးကြပ်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ သီလဝါ Terminal များမှ စက်သုံးဆီဖြည့်တင်းပြီးထွက်ခွာသွားသည့် ဆီတင်ယာဉ်များသည် စက်သုံးဆီအရောင်းဆိုင်များသို့ အမှန်တကယ်ရောက်ရှိခြင်းရှိ၊ မရှိနှင့် စက်သုံးဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ရောင်းချခြင်းရှိ၊ မရှိတို့ကို ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးရှိ ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများမှ ကြီးကြပ်စစ်ဆေးလျက်ရှိ ကြောင်း၊ စက်ရုံအလုပ်ရုံများနှင့် အခြားကဏ္ဍလုပ်ငန်းများအတွက်လည်း စက်သုံးဆီများကို ခွင့်ပြုပေးလျက်ရှိပြီး စက်သုံးဆီအလုံအလောက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၃)
မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအခြေအနေအနေဖြင့်-
- 92 ၄,၃၃၇,၄၀၅ ဂါလန်၊ 95 ၁၀,၄၈၀,၅၁၄ ဂါလန်၊ 97 ၁,၇၂၇,၄၀၃ ဂါလန် ရှိပြီး ဒီဇယ် ၃၀,၉၃၂,၂၉၉ ဂါလန်နှင့် ပရီမီယံ ၂,၉၇၈,၉၄၅ ဂါလန်ရှိ။
- လေးလပိုင်း ၁၅ ရက်အတွင်း သင်္ဘောအစီးရေ ၁၃ စီးခန့်ရောက်ရှိမည်ဖြစ်ပြီး တန်အရေအတွက်အရ ၂၁၈,၀၁၄ တန်၊ ဂါလန်အရ ၆၀,၈၃၇,၃၀၈ ဂါလန်ရှိ။
- စက်ရုံအလုပ်ရုံများနှင့် အခြားကဏ္ဍလုပ်ငန်းများအတွက်လည်း စက်သုံးဆီများ ကို ခွင့်ပြုပေးလျက်ရှိပြီး စက်သုံးဆီအလုံအလောက်ရှိ။
Add new comment