ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုဆောင်ရွက်ပေးရန် နေပြည်တော်မှ ဧပြီလ ၃ ရက်တွင် စတင်ထွက်ခွာခဲ့ပြီး ဧပြီလ ၄ ရက်တွင် စစ်ကိုင်းမြို့နယ်အတွင်းရှိ မင်းကွန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၃၅၁ ဦးတို့အား လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၁၆ ဦး၊ ခွဲစိတ်ရောဂါ ၄၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၆ ဦး၊ ကလေးရောဂါ ၉ ဦး၊ အရိုးရောဂါ ၂၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၄ ဦး၊ မျက်စိရောဂါ ၁၁၁ ဦးနှင့် သွားရောဂါ ၂၃ ဦး၊ အခြားရောဂါ ၆ ဦး စုစုပေါင်းဒေသခံပြည်သူ ၃၅၁ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးခဲ့ပြီး ၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၂၂ ဦးတို့ကို ရွေ့လျားခွဲစိတ်ယာဉ်ဖြင့် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးခဲ့ပါသည်။ ထို့အပြင် ဓာတ်မှန်ရိုက် လူနာ ၂၂ ဦး၊ Ultrasound ရိုက်လူနာ ၂၅ ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ ၉၇ ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၃၅ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။
ဆေးရုံတက်ရောက်ကုသရန် လိုအပ်သောလူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသ ပေးနေမှုများကို တာဝန်ရှိသူများက လာရောက်အားပေးကြည့်ရှု၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။(မြဝတီသတင်းစာ ၅-၄-၂၀၂၃)
- ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်နယ်လှည့်အထူး ဆေးကုသရေးအဖွဲ့သည် စစ်ကိုင်းမြို့နယ်ရှိ မင်းကွန်းကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူစုစုပေါင်း ၁,၄၅၇ ဦးတို့အား လိုအပ်သည့်ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့။
Add new comment