ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီလ ၄ ရက်တွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်ရင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ထောက်ပံ့ပေးအပ်ပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက အမှာစကားပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များအတွက် ချင်းပြည်နယ်အစိုးရ အဖွဲ့မှထောက်ပံ့သည့် ငွေကျပ်သိန်း ၁၅၀ ကျော်နှင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် ထောက်ပံ့သည့် စားသောက်ကုန်ပစ္စည်းများကို တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၃)
- ဧပြီလ ၄ ရက်တွင် ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာရှိ ယာယီခိုလှုံရာစခန်း၌ ခေတ္တခိုလှုံနေထိုင်လျက်ရှိသော ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စုဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲ ကျင်းပခဲ့။
Add new comment