အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံး လုပ်နည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးပွဲအား ဧပြီလ ၄ ရက်တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့ပါသည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီတွဲဖက်အတွင်းရေးမှူး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်၊ အကောက်ခွန်ဦးစီးဌာန၊ နိုင်ငံပိုင်ဘဏ်များနှင့် ပုဂ္ဂလိကဘဏ်များမှ တာဝန်ရှိသူအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင်-
- မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွား ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံပိုင်ဘဏ်များ၊ State Bank of India နှင့် Punjab National Bank, Yangon Representative Office တို့မှ ကိုယ်စားလှယ်များပါဝင်သည့် ရူပီး/ ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း လုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးတို့ပူးပေါင်းပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံကြားဆောင်ရွက်မည့် ရူပီး/ကျပ် ငွေပေးချေမှုစနစ် Concept Paper တစ်ရပ်ဖော်ထုတ်ခဲ့ပြီး အိန္ဒိယနိုင်ငံဗဟိုဘဏ်(Reserve Bank of India) မှ သဘောတူပြီးဖြစ်ကြောင်း။
- Punjab National Bank, India ကို မြန်မာဘဏ်များအတွက် Special Rupee Vostro (SRV) account လက်ခံဆောင်ရွက်ရမည့် designated bank အဖြစ် သတ်မှတ်ထားကြောင်း။
- အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုတွင် မြန်မာနိုင်ငံအနေဖြင့် အားသာချက်များရှိကြောင်းနှင့် နှစ်နိုင်ငံဗဟိုဘဏ်များ သဘောတူပြီး ငွေပေး ချေမှုပုံစံနည်းလမ်းများကိုဆွေးနွေးခဲ့။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ရူပီး/ကျပ် တိုက်ရိုက်ငွေပေးချေမှုစနစ် ဆောင်ရွက်ခြင်းတွင် နယ်စပ်ကုန်သွယ်မှုသာမက ပုံမှန်ကုန်သွယ်မှုအတွက်လည်း ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း၊ ဘဏ်လုပ်ငန်းစနစ် လမ်းညွှန်ချက်နှင့် အတည်ပြုချက်ရရှိပါက ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များထံသို့ ရူပီး/ ကျပ် အကောင်အထည်ဖော်မှုအစီအစဉ်များ အသိပေးသွားမည်ဖြစ်ကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၅-၄-၂၀၂၃)
- အိန္ဒိယ-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် ရူပီး/ကျပ် တိုက်ရိုက်အသုံးပြုငွေပေးချေမှု အကောင်အထည်ဖော်မည့် လုပ်ထုံးလုပ်နည်းများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အစိုးရဌာနများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များအကြား ဆွေးနွေးပွဲအား မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့။
Add new comment