အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွယ်သူများက တပ်မတော်နှင့် ဒေသခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်များအကြား အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာအောင် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သွေးထိုးလှုံ့ဆော်ရေးသားဖော်ပြခြင်းများဆောင်ရွက်လျက်ရှိသည့်အပြင် အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေး အားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့ကလည်း အဖြစ်မှန်အားသိရှိခြင်းမရှိ ဘဲ ၎င်းတို့၏ထင်မြင်ယူဆချက်များအပေါ် အခြေခံပြီးရေးသားဖော်ပြလျက်ရှိကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပါသည်။
သတင်းထုတ်ပြန်ချက်
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့လေဆိပ်သို့ မြန်မာ့အမျိုးသားလေကြောင်းလိုင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးဆင်းသက်ရောက်ရှိစဉ် KNPPအဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ ပါဝင်သော ပူးပေါင်းအဖွဲ့ကလူနေရပ်ကွက်များအတွင်း မော်တော်ယာဉ်များဖြင့် ရုတ်တရက်ရောက်ရှိလာပြီး ပြည်သူလူထုအား အကာအကွယ်ရယူကာ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် နှောင့်ယှက်ပစ်ခတ်၍ ထွက်ပြေးသွားသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်ဖြစ်ပွားလျှင်ဖြစ်ပွားခြင်း လာရောက်နှောင့်ယှက်ပစ်ခတ်ခဲ့သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ကယားပြည်နယ်အတွင်းရှိ ၎င်းတို့ထွက်ပြေးနိုင်မည့် လမ်းကြောင်းများအား ပိတ်ဆို့စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့သည်။ ထိုသို့ စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် ဖရူဆိုမြို့နယ်၊ မိုဆိုကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ကွိုင်ငံရွာဟောင်းဘက်မှ မိုဆိုကျေးရွာဘက်သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် ၇ စီးအားတွေ့ရှိသဖြင့် လုံခြုံရေးအရ စစ်ဆေးမှုခံယူနိုင်ရေးရပ်တန့်စေခဲ့ရာ ရပ်တန့်မှုမရှိဘဲ မော်တော်ယာဉ်များပေါ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း၊ ထိုသို့ မောင်းနှင်ထွက်ပြေးသွားစဉ် မိုဆိုကျေးရွာအနီးရှိ တောင် ကုန်းများတွင် အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်သမားများကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်ခဲ့ရကြောင်း၊ ဖြစ်စဉ်တွင် KNPP အဖွဲ့ နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများနှင့် အကြမ်းဖက်သင်တန်းတက်ရောက်ရန် ပါဝင်လာသည့် လူသစ်အချို့တို့အား လက်နက်ခဲယမ်းများ၊ ဆက်စပ် ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်းနှင့် မီးလောင်လွယ်သည့် စက်သုံးဆီများဖြစ်သည့် ဓာတ်ဆီ၊ ဒီဇယ်ဆီနှင့် အကြမ်းဖက်အဖွဲ့များ ကျေးရွာများမှ အဓမ္မကောက်ခံရယူသွားခဲ့သည့် စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့် မော်တော်ယာဉ် ၇ စီးမှာလည်း မီးလောင်ပျက်စီးခဲ့ကြောင်းကို သတင်းများထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့က လူမှုကွန်ရက်စာမျက်နှာများတွင် တပ်မတော်နှင့် ဒေသခံနယ်ခြားစောင့်တပ်ဖွဲ့ဝင်တို့အကြား အထင်အမြင်လွဲမှားမှုများဖြစ်ပေါ်လာအောင် မဟုတ်မမှန်သတင်းများလှုံ့ဆော်ထုတ်လွှင့်ရေးသား ဖော်ပြလျက်ရှိသဖြင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်များက ဒေသခံနယ်ခြားစောင့်တပ်မှ တာဝန်ရှိသူများနှင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး စိစစ်ဆောင်ရွက်ခဲ့သည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခဲ့ရာ ယင်းနေ့တွင် မိုဆိုကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးဆောင်ရွက်လျက်ရှိစဉ် တရားမဝင်ဖောက်လုပ်ထားသော ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း-ဒေါ့ကယားခူး-မိုဆို မြေသားလမ်းအတိုင်းမောင်းနှင်လာသည့် မသင်္ကာဖွယ် မော်တော်ယာဉ် ၇ စီးအား တွေ့ရှိရသဖြင့် စစ်ဆေးနိုင်ရန် ရပ်တန့်စေခဲ့ကြောင်း၊ မော်တော်ယာဉ်များမှာ ရပ် တန့်ခြင်းမရှိဘဲ မော်တော်ယာဉ်များပေါ်မှ အသင့်ပါလာသော လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့များက လည်း ပြန်လည်ပစ်ခတ်စဉ် မိုဆိုကျေးရွာအနီးတောင်ကုန်းများပေါ်၌ အသင့်စောင့်ဆိုင်းနေသည့် အကြမ်းဖက်အဖွဲ့များက လက် နက်ကြီး၊ လက်နက်ငယ်များဖြင့်ပစ်ခတ်တိုက်ခိုက်လာခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ အပြန်အလှန် ပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့အကြားရောက်ရှိခဲ့သည့် မော်တော်ယာဉ် ၇ စီးမှာ လက်နက်ကြီး၊ လက်နက်ငယ်ကျည်နှင့် ဗုံးသီးများထိမှန်၍ ရှေ့ဆုံးမော်တော်ယာဉ်များ၌ တင်ဆောင်လာသော စက်သုံးဆီများမှ ပေါက်ကွဲမီးလောင်ခဲ့ကြောင်း၊ မီးလောင်နေသည့် ကားမှတဆင့် ကျန်မော်တော်ယာဉ်များအား လျင်မြန်စွာ မီးကူးစက်ခဲ့မှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြားမှအတတ်နိုင်ဆုံး ယာဉ်ပေါ်လိုက်ပါသူများအား ကယ်ထုတ်ရန်ကြိုးပမ်းသော်လည်း မီးလောင်မှုအရှိန်နှင့် တစ်ဖက်၏ပစ်ခတ်မှုများကြောင့် ကယ်တင်နိုင်မှု မရှိခြင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်နိုင်ရေး နီးစပ်ရာမြို့အတွင်းရှိ မီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဉ်များကို အကူအညီတောင်းခံသော်လည်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် မီးသတ်ယာဉ်များပျက်စီးခြင်းနှင့် CDM လှုပ်ရှားမှုများကြောင့် မီးသတ်တပ်ဖွဲ့ဝင်များ အင်အားလျော့နည်းခြင်း တို့ကြောင့်လာရောက် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းမရှိခဲ့ကြောင်း သိရှိရသည်။
ဒီးမော့ဆိုမြို့မှ မိုဆိုကျေးရွာသို့ အများပြည်သူများသွားလာအသုံးပြုလျက်ရှိသည့် လမ်းကြောင်းသည် ဒီးမော့ဆို-ဖရူဆို ကတ္တရာလမ်းမှတဆင့် မိုဆိုကျေးရွာသို့သွားရောက်ရခြင်းသာဖြစ်သော်လည်း ယခုထိတွေ့မှု ဖြစ်ပွားသည့် အကြမ်းဖက်သမားများအနေဖြင့် တရားမဝင်ဖောက်လုပ်ထားသည့် ဒီးမော့ဆို-ကွိုင်ငံရွာဟောင်း ဒေါ့ကယားခူး-မိုဆို မြေသားလမ်းအတိုင်း ပုန်းလျှိုးကွယ်လျှိုးဖြင့် ထွက်ပြေးလာခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်သမားများ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားနေစဉ် မိုဆိုကျေးရွာမှ ကျေးရွာသားများကကျေးရွာရှိ ဒေသခံနယ်ခြားစောင့် တပ်စခန်းသို့လာရောက် သတင်းပို့အကူအညီတောင်းခံခဲ့ရာ နယ်ခြားစောင့်တပ်စခန်းမှ တပ်ဖွဲ့ဝင် ၄ ဦးက တာဝန်ရှိသူများထံ သတင်းပို့ခြင်းမရှိဘဲ တိုက်ပွဲဖြစ်ရာနေရာသို့ ကိုယ်စီလက်နက်ငယ်များယူဆောင်၍ အရပ်ဝတ်များဖြင့် လိုက်ပါသွားကြောင်း၊ အဆိုပါအဖွဲ့သည် စခန်းမှထွက်ခွာပြီး မကြာမီလက်နက်ငယ်သံများ ကြားရကြောင်း၊ လက်နက်ငယ် သံကြားရချိန်မတိုင်မီကပင် တိုက်ပွဲဖြစ်သံကြားနေရကြောင်း၊ သို့ဖြစ်၍ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦး၏ လက်ပြန်ကြိုးတုပ်၍ အဖမ်းခံရမှုမှာ စခန်းမှထွက်ခွာစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် တွေ့ဆုံခဲ့ပြီး သတ်ဖြတ်ခံရခြင်းဖြစ်နိုင်ကြောင်း၊ အဆိုပါ နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့ပြီးမှသာ လက်ပြန်ကြိုးတုပ်နှောင်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပမ်းနှိပ်စက်သတ်ဖြတ်ထားသည့်ပုံစံ ဖန်တီးမှုဖြစ်နိုင်ကြောင်း ဖော်ထုတ်သိရှိရသည်။ ထိုကဲ့သို့ ဖြစ်စဉ်မှန်ကို သိရှိခြင်းမရှိဘဲ အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့က လူမှုကွန်ရက် စာ မျက်နှာများတွင် တပ်မတော်နှင့် ဒေသခံနယ်ခြားစောင့်တပ်ဖွဲ့တို့အကြား အထင်အမြင်လွဲမှား သံသယမှုများဖြစ်ပေါ်လာအောင် အကြိမ်ကြိမ်သွေးထိုးလှုံ့ဆော်မှုများ ပြုလုပ်လျက်ရှိသည်ကို တွေ့ရှိရသည်။ မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုဖြစ်ပေါ်နေသည်ကိုပင် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ကြိုးစား လုပ် ဆောင်ခဲ့ကြပြီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ ပတ်ဝန်းကျင်တောင်ကုန်းများပေါ်မှ ပစ်ခတ်မှုများကြောင့်သာလျှင် မငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ်တွင်လိုက်ပါလာသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ယာဉ်ပေါ်ပါဝင်လာသူ သေဆုံးခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ဓာတ်ဆီ၊ ဒီဇယ်ပေါက်ကွဲ၍ မော်တော်ယာဉ် မီးလောင်ဆုံးရှုံးမှုဖြစ်စဉ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်အတွင်း လှည့်ကင်းဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား အကြမ်းဖက်သမားများက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့သဖြင့် မော်တော်ယာဉ်၏ ဆီတိုင်ကီအား ထိမှန်ပေါက်ကွဲခဲ့ပြီး မီးလောင်ပျက်စီးခဲ့ရကာ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ မီးလောင် ဒဏ်ရာကြောင့် သေဆုံး၊ ဒဏ်ရာရမှုဖြစ်စဉ်မျိုးရှိခဲ့မှုကိုလည်း နိုင်ငံပိုင်သတင်းစာ၊ ရုပ်သံများ၌ ဖော်ပြခဲ့ကြောင်း တွေ့ရှိရသည်။
အထက်ပါဖြစ်စဉ်နှစ်ခုအား သုံးသပ်ကြည့်မည်ဆိုပါက မော်တော်ယာဉ်များပေါ်တွင် မီးလောင်လွယ်သည့် လောင်စာဆီများ၊ စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရလျှင် မီးလောင်ပျက်စီးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ၎င်းဖြစ်စဉ်အပေါ် အခွင့်ကောင်းယူအမြတ်ထုတ် ၍ အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွယ်သူများက တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အရပ်သားများအား သတ်ဖြတ်သည့်အသွင်ဖြင့် လုပ်ကြံဖန်တီးခြင်း၊ လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန်သွေးထိုး လှုံ့ဆော်ရေးသား ဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိသည်ကို သိရှိရသည့်အပြင် အဖွဲ့အစည်းအချို့နှင့် အကြမ်းဖက်မှုကို အားပေးအားမြှောက်သည့် မီဒီယာများနှင့် လူပုဂ္ဂိုလ်အချို့တို့ကလည်း အဖြစ်မှန်အားသိရှိခြင်းမရှိဘဲ ၎င်းတို့၏ထင်မြင်ယူဆချက်များအပေါ် အခြေခံပြီးရေးသားဖော်ပြလျက်ရှိသည်ကို တွေ့ရှိရသည်။ မိုဆိုကျေးရွာအနီး ဖြစ်ပွားခဲ့သောဖြစ်စဉ်အတွင်း မော်တော်ယာဉ်များ မီးလောင်ပျက်စီးပြီးနောက် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများအနေဖြင့် နယ်ခြားစောင့်တပ်တပ်ဖွဲ့ဝင်များအားသတ်ဖြတ်ပြီး လက်ပြန်ကြိုးတုပ်နှောင်မီးရှို့ကာ အထင်အမြင်လွဲမှားမှုဖြစ်စေရန် ရည်ရွယ်ချက်ရှိစွာဖြင့် တမင်ဖန်တီးလုပ်ဆောင်ခဲ့ခြင်း ဖြစ်နိုင် သည်ကို စစ်ဆေးတွေ့ရှိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း ROE နှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်လျက်ရှိပြီး အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များနှင့်အညီ အရပ်သား၊ ပြည်သူများ ထိခိုက်နစ်နာမှုမရှိစေရေး အလေးထားဆောင်ရွက် လျက်ရှိကြောင်းနှင့် အများပြည်သူများအနေဖြင့်လည်း တစ်ဖက်သတ် အထင်အမြင်လွဲမှားစွာ ရေးသားဖော်ပြနေမှုများအပေါ် စဉ်းစားဆင်ခြင်သုံးသပ်ပြီး အမှားနှင့်အမှန် ခွဲခြားသိမြင်နိုင်ရန် လိုအပ်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
- လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသည့် မော်တော်ယာဉ် ၇ စီး မီလောင်ပျက်စီးခဲ့သည့်ဖြစ်စဉ်မှာ အဆိုပါလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်အဖွဲ့များက အပြန်အလှန်ပစ်ခတ်မှုကြောင့် နှစ်ဖက်တပ်ဖွဲ့အကြား ရောက် ရှိခဲ့သည့် မော်တော်ယာဉ် ၇ စီးမှာ လက်နက်ကြီး၊ လက်နက်ငယ်ကျည်နှင့် ဗုံးသီးများထိမှန်၍ ရှေ့ဆုံးမော် တော်ယာဉ်များ၌ တင်ဆောင်လာသောစက်သုံးဆီများမှ မီးလောင်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပစ်ခတ် မှုကြားမှ အတတ်နိုင်ဆုံးယာဉ်ပေါ်လိုက်ပါသူများအား ကယ်ထုတ်ရန် ကြိုးပမ်းသော်ခဲ့လည်း မီးလောင်မှု အရှိန်နှင့် တစ်ဖက်၏ပစ်ခတ်မှုများကြောင့် ကယ်တင်နိုင်မှုမရှိခဲ့ခြင်းဖြစ်။
- နယ်ခြားစောင့်တပ် တပ်ဖွဲ့ဝင် ၄ ဦး အသတ်ခံရခြင်းမှာ မိုဆိုကျေးရွာမှ ရွာသားများက နယ်ခြားစောင့်တပ် စခန်းသို့ လာရောက်သတင်းပို့အကူအညီတောင်းခံခဲ့ရာ တပ်ဖွဲ့ဝင် ၄ ဦးက တာဝန်ရှိသူများထံ သတင်းပို့ခြင်း မရှိဘဲ တိုက်ပွဲဖြစ်ရာနေရာသို့ ကိုယ်စီလက်နက်ငယ်များယူဆောင်၍ အရပ်ဝတ်များဖြင့် လိုက်ပါသွားခဲ့ကာ စခန်းမှထွက်ခွာစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက သတ်ဖြတ်ခဲ့ကြသော်လည်း အဆိုပါတပ်ဖွဲ့ဝင်များအား လက်ပြန်ကြိုးတုပ်နှောင်၍ သတ်ဖြတ်ခဲ့ခြင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ညှဉ်းပမ်း နှိပ်စက်သတ်ဖြတ်ထားသည့်ပုံစံ ဖန်တီးခဲ့ခြင်းဖြစ်။
- မြေပြင်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မီးလောင်မှုဖြစ်ပေါ်နေသည်ကိုပင် အချိန်မီ မီးငြှိမ်းသတ်နိုင်ရေး ကြိုးစားလုပ်ဆောင်ခဲ့ကြပြီး KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများ၏ ပတ်ဝန်းကျင် တောင် ကုန်းများပေါ်မှ ပစ်ခတ်မှုများကြောင့်သာလျှင် မငြှိမ်းသတ်နိုင်ခဲ့ခြင်းဖြစ်ပြီး ယာဉ်ပေါ် တွင် လိုက်ပါလာသည့် KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများနှင့် ယာဉ်ပေါ်ပါဝင်လာသူ သေဆုံးခဲ့ရခြင်းဖြစ်။
- မော်တော်ယာဉ်များပေါ်တွင် မီးလောင်လွယ်သည့် လောင်စာဆီများ၊ စားသောက်ကုန်ပစ္စည်းများ တင်ဆောင်ထားသည့်အချိန်တွင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံရလျှင် မီးလောင်ပျက်စီးနိုင်သည်ကို တွေ့ရှိရမည်ဖြစ်ပြီး ၎င်းဖြစ်စဉ်အပေါ် အခွင့်ကောင်း ယူအမြတ်ထုတ်၍ အကြမ်းဖက်သမားများ၊ ၎င်းတို့နှင့်ဆက်နွယ်သူများက တပ်မတော်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အရပ်သားများအား သတ်ဖြတ်သည့်အသွင်ဖြင့် လုပ်ကြံဖန်တီးခြင်း၊ လူမှုကွန်ရက် စာမျက်နှာများတွင် မဟုတ်မမှန် သွေးထိုးလှုံ့ဆော်ရေးသားဖော်ပြခြင်းများ ဆောင်ရွက်လျက်ရှိ။
Add new comment