ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr.Vinay Kumar အား လက်ခံတွေ့ဆုံ

      ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်တို့သည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး  H.E.Mr. Vinay Kumar ကို ဧပြီလ ၃ ရက်တွင် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမအသီးသီး၌ လက်ခံတွေ့ဆုံခဲ့ပါသည်-      

  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် စပ်လျဉ်းသည့်ကိစ္စ၊ ကုလားတန်မြစ်ကြောင်းတစ်လျှောက်   ရေယာဉ်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန် ရေကြောင်းတိုင်းတာရေးနှင့် သောင်တူးဖော်ရေးကိစ္စ၊ လေကြောင်းလိုင်း တိုးချဲ့ ပျံသန်းရေးကိစ္စနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ။

  • သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုကဏ္ဍဆိုင်ရာကိစ္စ၊ နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးတို့တွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးကိစ္စများနှင့် ရှေးဟောင်းသုတေသနဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ။

  • သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် သစ်တောများထိန်းသိမ်းရေး၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေး အတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်း လဲမှုလျှော့ချရေးဆိုင်ရာ လုပ်ငန်းအစီအစဉ်တွင် သစ်တောထိန်းသိမ်းရေး ဦးစားပေးဆောင်ရွက်နေမှု၊ ကျားနှင့် အခြားတောရိုင်းတိရစ္ဆာန်များ ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်အကောင်အထည်ဖော်ရေး၊  သတ္တုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မှုများ။

  • စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွေ့ဆုံရာတွင်  ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လက်ရှိ ပူး ပေါင်းဆောင်ရွက်နေမှု၊ စွမ်းအင်ဆိုင်ရာ နည်းပညာနှင့် အသိပညာများ မျှဝေပေးရေးကိစ္စရပ်များ။

  • ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့်တွေ့ဆုံရာတွင် နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးနှင့် နယ် စပ် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ-ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊ တမူးနယ်စပ်ဂိတ်၌ အဆင့်မီဘက်ပေါင်းစုံ စစ် ဆေးရေးဂိတ် (Integrated Check Post)  တည်ဆောက်ရေးကိစ္စရပ်များအား    ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့။

     တွေ့ဆုံပွဲများသို့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးများက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးအား လက်ခံတွေ့ဆုံရာတွင် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ် ယူပို့ဆောင်ရေး စီမံကိန်းနှင့် စပ်လျဉ်းသည့်ကိစ္စရပ်များ၊  ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် လက်ရှိပူးပေါင်းဆောင်ရွက်နေမှုအခြေအနေများ၊ အိန္ဒိယနိုင်ငံ၏ အကူအညီအထောက်အပံ့ (Grant Aid) ဖြင့် ဆောင်ရွက်သော ပလက်ဝ-ဇိုရမ်ပူလမ်း အဆင့်မြှင့်တင်ခြင်း၊   တမူးနယ်စပ်ဂိတ်၌   အဆင့်မီ ဘက်ပေါင်းစုံစစ်ဆေးရေးဂိတ် (Integrated Check Post)  တည်ဆောက်ရေး ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment