နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှုဆိုင်ရာဘွဲ့တံဆိပ်ဂုဏ်ပြုချီးမြှင့်ပြီး ရုရှားသိပ္ပံအကယ်ဒမီမှပေးအပ်ချီးမြှင့်သည့်ဘွဲ့အားလက်ခံရယူ

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် ၂၀၂၃ ခုနှစ် (၇၅) နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၁ ရက်နှင့် ၂ ရက်တို့တွင် အခမ်းအနားကျင်းပကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူး ပေါင်းဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကိုယ်တိုင်တစ်ဦးချင်း လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပြီးဖြစ်ပါသည်။

        အလားတူ ဧပြီလ ၃ ရက်တွင်လည်း ဂုဏ်ထူးဆောင်တံဆိပ်နှင့် အဆောင်အယောင်များ ချီးမြှင့်ခြင်းကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူမိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီး ဇေယျကျော်ထင် စည်သူထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး Mr. Nikolay LISTOPADOV၊ စစ်သံမှူး Colonel Sergey KURCHENKO၊ ရုရှားသိပ္ပံ အကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President ဖြစ်သူ Dr. Professor Vitaly Vyacheslavovich NAUMKIN နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။   

      ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇေယျကျော်ထင် တိုးရီက ဘွဲ့တံဆိပ်ပေးအပ်သည့်အမိန့်ကို ဖတ်ကြားတင်ပြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်း သာယာဝပြောရေးအတွက် စွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin ထံ သီရိပျံချီ ဘွဲ့ တံဆိပ်နှင့် အဆောင်အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ပါသည်။

       ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President က  “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင်  မိမိအနေဖြင့် လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း မြန်မာနိုင်ငံ၏ ဘာသာစကား၊ မြန်မာ့သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံး တမ်းစဉ်လာများကို လေ့လာသင်ကြားခဲ့ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံသည် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တရားမျှတမှုကို အခြေခံသည့် နိုင်ငံရေးပွင့်လင်း မြင်သာမှုများကို မျက်ဝါးထင်ထင်တွေ့မြင်ရပါကြောင်း၊ သိပ္ပံနှင့် နည်းပညာကဏ္ဍအပါအဝင် မိမိတို့ရုရှားဖက် ဒရေးရှင်းနိုင်ငံနှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများသည်လည်း တိုးတက်လျက်ရှိပါကြောင်း၊  မိမိတို့တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုနယ်ပယ်အပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုများတွင် အဆွေတော်၏ စွမ်းစွမ်းတမံဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရန် ရုရှား သိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၊ ပညာရေးကောင်စီမှ တညီတညွတ်တည်း မဲခွဲဆုံးဖြတ်ခဲ့ကြပါကြောင်းနှင့် အဆိုပါဘွဲ့တံဆိပ်အား ချီးမြှင့်အပ်နှင်းခွင့်ပြုပါစေလိုကြောင်းဖြင့်ပြောကြားပြီးနောက်  ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်း လေ့ လာရေး အင်စတီကျူ့၏ President က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပါသည်။

        ထို့နောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား ဂုဏ်ပြုစကားနှင့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ့မှပေးအပ်သည့် “ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့”ကို လက်ခံရရှိခဲ့သည့်အတွက် ကျေးဇူးတင်စကားပြောကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President တို့သည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြပါသည်။

  အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ် ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြပြီး ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၄-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းသာယာဝပြောရေးအတွက် စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ရရှိခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးထံ သီရိပျံချီဘွဲ့တံဆိပ်နှင့် အဆောင် အယောင်ကို လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့။
  • ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President က “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်အား “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့”ကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က လက်ခံရယူခဲ့။

 

Add new comment