မတ်လ ၂၉ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာရှိ ကြက်သွန်စိုက်ခင်း၌ ကျေးရွာနေပြည်သူများမှ ကြက်သွန်နုတ်နေစဉ် PDF အကြမ်းဖက်သမားများက အဆိုပါ ကြက်သွန် စိုက်ခင်းပိုင်ရှင်ထံမှ ဆက်ကြေးတောင်းခံရာ ဆက်ကြေးမရသဖြင့် Drone ဖြင့် ကြက်သွန်ခင်းအတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူများအား ကျေးလက်ဆေးပေးခန်းသို့ ပို့ဆောင်ဆေး ကုသမှုခံယူစေလျက်ရှိပါသည်။
ထိုသို့ အေးချမ်းစွာ နေထိုင်၊ လုပ်ကိုင်စားသောက်ပြီး မိမိစီးပွားရေး မိမိဆောင်ရွက်နေသည့် အပြစ်မဲ့အရပ်သားပြည်သူများအား အကြောက်တရားများ လွှမ်းမိုးလာစေရန် ရည်ရွယ်ချက်ရှိရှိဖြင့် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် PDF အကြမ်းဖက်သမားများကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၃)
- PDF အကြမ်းဖက်သမားများက စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာအတွင်းရှိ ကြက်သွန်စိုက်ခင်းပိုင်ရှင်ထံမှ ဆက်ကြေးမရသဖြင့် Drone ဖြင့် ကြက်သွန်ခင်း အတွင်းသို့ Drop Bomb ၁ လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ကြက်သွန်နှုတ်နေသည့် အပြစ်မဲ့ကျေးရွာနေပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုး သမီး ၁ ဦး ဗုံးစထိမှန် ဒဏ်ရာများရရှိခဲ့။
Add new comment