အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၏ ဖိတ်ကြားချက်အရ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်နှင့် ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာဝမ်နင် ဦးဆောင်သည့် ကိုယ်စား လှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ ဧပြီလ ၁ ရက်မှ ၃ ရက်အထိ အလုပ်သဘောခရီးစဉ် လာရောက်ခဲ့ပါသည်။
ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၊ ဓာတ်မြေဩဇာထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၊ ကျောက်ဖြူအနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များတင်ပို့ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ၊ တာပိန်(၁) ရေ အားလျှပ်စစ်စခန်းသဘောတူညီချက်တို့ကို လက်မှတ်ရေးထိုးလဲလှယ်ခဲ့ပါသည်။
အဆိုပါသဘောတူစာချုပ်များလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနနှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃-၄-၂၀၂၂)
- ခရီးစဉ်အတွင်း မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၊ ဓာတ်မြေဩဇာထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်၊ ကျောက်ဖြူအနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှ စိုက်ပျိုးကုန်များတင်ပို့ရေးပူးပေါင်းဆောင်ရွက် မှုဆိုင်ရာနားလည်မှုစာချွန်လွှာ၊ တာပိန်(၁) ရေအားလျှပ်စစ်စခန်းသဘောတူညီ ချက်တို့ကို လက်မှတ်ရေးထိုးခဲ့။
Add new comment