တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာ-တရုတ် နယ်စပ်မြို့ငါးမြို့အတွက် Sinovac ကိုဗစ်ကာကွယ်ဆေးတစ်သန်းလှူဒါန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံရှိ မြန်မာ-တရုတ် နယ်စပ်ငါးမြို့နယ်အတွက် ကူညီပံ့ပိုးသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်သန်းအနက် ပထမဆုံးအသုတ် ဖြစ်သော ကာကွယ်ဆေးအကြိမ်ရေ (Doses) ၇၄၆,၈၀၀ ကို ဇန်နဝါရီလ ၁၁ ရက်တွင် မြန်မာနိုင်ငံနယ်စပ်တစ်လျှောက်ရှိ ယူနန်ပြည်နယ်၏ နယ်စပ်မြို့ များသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ပါသည်-

· ဒုတိယအသုတ်ဖြစ်သော Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၅၃,၂၀၀ အား ဖေဖေါ်ဝါရီလ ၉ ရက်တွင် ပေကျင်းမြို့မှ စတင်ပို့ဆောင်မည်ဖြစ်ပြီး မတ်လ ၁၀ ရက်မတိုင်မီ မြန်မာနိုင်ငံသို့ ဆေးအားလုံးလွှဲပြောင်းပေးအပ်မည်ဖြစ်။

· အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်သန်းကို တရုတ်နိုင်ငံ နှင့် ထိစပ်နေသော ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် အသုံးပြုမည်ဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ၏ ကပ်ရောဂါ တိုက်ဖျက်ရေးစွမ်းအင်မြှင့်တင်ရန်၊ တရုတ်- မြန်မာနှစ်နိုင်ငံ ပြည်သူများဘေးကင်းရန်နှင့် ကျန်းမာရေးကို ထိန်းသိမ်းစောင့်ရှောက်ရန် များစွာ အရေးပါကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးက သတင်းထုတ်ပြန်ထား။

· ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးရောင်းချပေးမှုမှာ ၂၉.၇ သန်းရှိပြီး လှူဒါန်းပေးမှုမှာ ၁၀.၃ သန်း ရှိပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဝယ်ယူခြင်းမှ COVISHIELD ၁၅ ဒသမ ၄ သန်း၊ Sinopharm ၂၆ ဒသမ ၇ သန်း၊ Sinovac ၃ သန်းဖြင့် စုစုပေါင်း ၄၅ ဒသမ ၁ သန်း၊ လှူဒါန်းမှုမှ COVISHIELD ၂ ဒသမ ၅ သန်း၊ Sinopharm ၃ ဒသမ ၆ သန်း၊ Sinovac ၆.၇ သန်း၊    Covaxin ၂ ဒသမ ၂ သန်း၊ Sputnik-V ၁,၇၀၀ ဖြင့် စုစုပေါင်း ၁၅ သန်းရရှိခဲ့ရာ စုစုပေါင်း ၆၀ ဒသမ ၁ သန်းခန့် ရရှိခဲ့ပြီးဖြစ်ပါသည်။

  • တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကူညီပံ့ပိုးသည့် Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်သန်းအနက် ပထမဆုံး အသုတ်ဖြစ်သော ကာကွယ်ဆေးအကြိမ်ရေ (Doses) ၇၄၆,၈၀၀ မှာ မြန်မာနိုင်ငံနယ်စပ်သို့ရောက်ရှိ။
  • ဒုတိယအသုတ်ဖြစ်သော Sinovac ကိုဗစ်-၁၉ ကာကွယ်ဆေး ၂၅၃,၂၀၀ အား ဖေဖေါ်ဝါရီလ ၉ ရက်တွင် ပေကျင်းမြို့မှ စတင်ပို့ဆောင်မည်ဖြစ်ပြီး မတ်လ ၁၀ ရက်မတိုင်မီ မြန်မာနိုင်ငံသို့ ဆေးအားလုံးလွှဲပြောင်းပေးအပ်မည်ဖြစ်။
  • ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးရောင်းချပေးမှုမှာ ၂၉.၇ သန်းရှိပြီး လှူဒါန်းပေးမှုမှာ ၁၀.၃ သန်းရှိပြီဖြစ်။

Add new comment