နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဧပြီလ ၁ ရက်တွင် ခရီးစဉ်တွင် လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူ များလိုက်ပါ၍ ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ အဆင့်မြှင့်တင်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အား စစ်တွေ လေဆိပ်ဧည့်ခန်းမဆောင်၌ ဒုတိယဝန်ကြီး ချုပ်၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန်ရှိသူများက လေ ယာဉ်ပြေးလမ်းများနှင့် လေဆိပ်များတိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်မှုလုပ်ငန်းများ အဆင့်လိုက်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က-
- လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျတွက် ချက်ဆောင်ရွက်ရန်လိုကြောင်း။
- စစ်တွေလေယာဉ်ကွင်းသည် ပြည်နယ်၏မြို့တော်ကွင်းဖြစ်သောကြောင့် A-320 ၊ B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို အဆင့်လိုက် ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လိုကြောင်း။
- သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေ ယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လိုကြောင်း။
- အိမ်နီးချင်းနိုင်ငံများတွင် ပြည်တွင်းလေကြောင်းပြေးဆွဲမှုများကို တိုးတက်အောင် ဆောင်ရွက်လျက်ရှိသည့်နည်းတူ မိမိတို့နိုင်ငံတွင်လည်း ပြည်တွင်းလေကြောင်းပြေးဆွဲမှု အဆင့်မြှင့်တင်တိုးတက်စေရေး ဆောင်ရွက်သွားမည်ဆိုပါက ပြည်တွင်းခရီးသွားလာမှုကို ပိုမိုအထောက်အကူပြုစေမည်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါ သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် စစ်တွေလေယာဉ်ကွင်း အဆင့်မြှင့်တင်ဆောင်ရွက်နိုင်မည့် အခြေအနေများအား ကြည့်ရှု၍ တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂-၄-၂၀၂၃)
- လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများ ဆောင်ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လို။
- စစ်တွေလေယာဉ်ကွင်းသည် ပြည်နယ်၏မြို့တော်ကွင်းဖြစ်သောကြောင့် A-320 ၊ B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို အဆင့်လိုက်ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်လို။
- သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများ ဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေ ယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လို။
Add new comment