နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဧပြီလ ၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ပါသည်။
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များအား ဘိုးဘွားရိပ်သာကော်မတီဥက္ကဋ္ဌက ဘိုးဘွားများ၏ စားသောက်နေထိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာများကို ဆောင်ရွက်ပေးလျက်ရှိမှု၊ ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက လှူဒါန်းလျက်ရှိသကဲ့သို့ နိုင်ငံတော်မှလည်း နှစ်စဉ်ထောက်ပံ့လှူဒါန်းပေးလျက်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ ပါသည်။
ရှင်းလင်းတင်ပြမှုအပေါ် နိုင်ငံတော်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ဗုဒ္ဓဘာသာတွင်သာမက အခြားဘာသာများတွင်လည်း မိမိတို့ထက်အသက်အရွယ်ကြီးရင့်သူများကို ပြုစုစောင့်ရှောက်ခြင်းသည် ကောင်းမွန်သည့် ဆောင်ရွက်ချက်ဖြစ်ကြောင်း၊ ဘိုးဘွားများကဲ့သို့ အသက်အရွယ်ကြီးရင့်သူများကို နွေးထွေးစွာဖြင့် နေထိုင်နိုင်အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းနှင့် စိတ်ကျန်းမာမှသာ ကိုယ်ကျန်းမာမှုကို အထောက်အကူပြုမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ၂-၄-၂၀၂၃)
-
နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီး၊ အဖွဲ့ဝင်များသည် ဧပြီလ ၁ ရက်တွင် စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့။
-
ဗုဒ္ဓဘာသာတွင်သာမက အခြားဘာသာများတွင်လည်း မိမိတို့ထက် အသက်အရွယ်ကြီးရင့်သူများကို ပြုစုစောင့် ရှောက်ခြင်းသည် ကောင်းမွန်သည့်ဆောင်ရွက်ချက်ဖြစ်။
Add new comment