လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာဈေးနှုန်း တိုးမြှင့်သတ်မှတ်ခြင်းနှင့် အချို့သောနိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက ငွေကြေးအဝင်/အထွက်တွေကို လက်မခံတော့ဘူးဆိုသည့် ကောလာဟလထွက်နေသောသတင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်ပါအတိုင်းဖြေကြားထားပါသည်-
-
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းနှင့်ပတ်သက်၍ တစ်ဒေါ်လာကို ၂၁၀၀ ဈေးနှုန်းသတ်မှတ်ထားပြီး ၎င်းဈေးနှုန်းအား ပြင်ဆင်ပြောင်းလဲရန် အစီအစဉ်မရှိသေးကြောင်း။
-
နိုင်ငံခြားဘဏ်အချို့က မြန်မာနိုင်ငံက ငွေအဝင်/အထွက်တွေ လက်မခံတော့ဘူးဆိုပြီး ကောလာဟလများထွက်ပေါ်နေကြောင်း၊ လက်တွေ့မှာ ပုံမှန်လည်ပတ်ဆောင်ရွက်လျက်ရှိကြောင်း။
-
မြန်မာနိုင်ငံ၏ငွေကြေးစနစ်အပေါ် ဦးတည်ပြီး တိုက်ခိုက်နေတာတွေများကြောင်း။
ထို့ကြောင့် ပြည်သူလူထုနှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အဆိုပါကောလာဟလသတင်းများအား မယုံကြည်ကြရန်၊ ဗဟိုဘဏ် ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်းကို တိုက်ရိုက်ဆက်သွယ်ပြီး မေးမြန်းနိုင်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါ သည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁-၄-၂၀၂၂)
-
လူမှုကွန်ရက်စာမျက်နှာများတွင် မြန်မာနိုင်ငံ၏ ငွေကြေးစနစ်ဆိုင်ရာ ကောလာဟလထွက်နေသော သတင်းများနှင့်ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်က မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာဈေးနှုန်းနှင့်ပတ်သက်၍ တစ်ဒေါ်လာကို ၂၁၀၀ ဈေးနှုန်းသတ်မှတ်ထားပြီး ၎င်းဈေး နှုန်းအား ပြင်ဆင်ပြောင်းလဲရန် အစီအစဉ်မရှိသေးကြောင်း၊ နိုင်ငံခြားဘဏ်အချို့က မြန်မာနိုင်ငံက ငွေအဝင်/အထွက်တွေ လက်မခံတော့ဘူးဆိုပြီး ကောလာဟလများထွက်ပေါ်နေကြောင်း၊ လက်တွေ့မှာ ပုံမှန်လည်ပတ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့။
Add new comment