နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများအား တွေ့ဆုံအမှာစကားပြောကြား

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတ်လ ၃၁ ရက်တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားခဲ့ပါသည်။

        ပြည်နယ်ဝန်ကြီးချုပ်နှင် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင် ရွက်နေမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ ရခိုင်ပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိမှု၊ ဓာတ်အားလိုင်းနှင့် ဓာတ် အားခွဲရုံများ တိုးချဲ့ဆောင်ရွက်ရန်လိုအပ်မှုတို့ကို အသီးသီးရှင်းလင်း တင်ပြခဲ့ကြပါသည်။

       ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင်-

  • နိုင်ငံ့ဝန်ထမ်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိဌာနနှင့်လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ် သစ္စာရှိရမည်ဖြစ်ကြောင်း။
  • ဒီမိုကရေစီဟူသည်မှာ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ အများဆန္ဒနှင့်အညီ စီမံအုပ်ချုပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အများဆန္ဒနှင့် အညီဟုဆိုသော်လည်း ဥပဒေနှင့်အညီသာဆောင်ရွက်ရမည်ဖြစ်ကာ “လူညီရင် ဤကို ကျွဲဖတ်သည်” ဟူသည့် ပုံစံမျိုးသွား၍မရကြောင်း။
  • ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) ဇယား(၁၊၂၊၃၊၅) ပါ ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတို့မှ ပြဋ္ဌာန်း/ ထုတ်ပြန်ရမည့် ဥပဒေများ၊ စည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများ ပြည့်စုံစွာ ဆောင်ရွက်နိုင်မှု မရှိသေးသည်ကို လေ့လာတွေ့ရှိရသဖြင့် မိမိတို့တာဝန်ယူချိန်တွင်ဒီမိုကရေစီ နှင့် ဖက်ဒရယ်အုပ်ချုပ်မှုအာဏာခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း။
  • ငြိမ်းချမ်းရေးနှင့်ပတ်သက်၍လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများကို အရှိန်အဟုန်ဖြင့် ဆောင် ရွက်လျက်ရှိပြီး နိုင်ငံတော်အတွက် အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များကိုဖော်ဆောင် နိုင်ခဲ့ကြောင်း။
  • မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို အခြေခံ၍ ငြိမ်းချမ်းရေးလမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
  • စစ်တွေမြို့တွင်ရေလုံလောက်စွာရရှိရေးအတွက် မိမိတို့အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ တစ်နိုင်ငံလုံးတွင် သောက်သုံး ရေဖူလုံစွာရရှိရေးအတွက် နိုင်ငံတော်အနေဖြင့် စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း။
  • မိမိတို့နိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ ဘင်းစတက်စ် အဖွဲ့ဝင်နိုင်ငံနှင့် ကုလသမ္မဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်ပြီး အိမ်နီးချင်းနိုင်ငံများ၊ မိတ် ဆွေနိုင်ငံများနှင့် ဆက်ဆံမှုကောင်းရှိရမည်ဖြစ်သကဲ့သို့ မိမိတို့အပေါ် နိုင်ငံတကာမှ အထင်အမြင်လွဲမှားမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း။
  • မိမိတို့အနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းရာတွင် ဥပဒေနှင့်အညီ ဖြေရှင်းဆောင်ရွက်လျက်ရှိပြီး နိုင်ငံတည်ငြိမ် အေးချမ်းစေရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရည်ရွယ်၍ ရိုးသားစွာဖြင့် မိမိတို့နှင့် လာရောက်ဆွေးနွေးမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့်ထားကြောင်း။
  • တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ကောင်းကျိုးအတွက် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် အခြေခံဆောင်ရွက်ရမည့် အချက် ၂ ချက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တို့ပင်ဖြစ်ကြောင်း။
  • ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံမှစတင်၍ အခြေခံရေးဆွဲလာခြင်းဖြစ်၍ ဆယ်စုနှစ် ၃ စု ကြာမြင့်ခဲ့ပြီဖြစ်ပြီး ခေတ်နှင့်အညီ တို့တာဝန်အရေးသုံးပါးကို မထိခိုက်စေဘဲ ပြင်ဆင်သင့်သည်များကို အခြေခံဥပဒေနှင့်အညီ ပြင်ဆင်ရမည်ဖြစ် ကြောင်း။
  • ငြိမ်းချမ်းရေးကို လိုလားသည့်မည်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းကိုမဆို ငြိမ်းချမ်းရေးဆွေးနွေးရန်ဖိတ်ခေါ်ထားပြီး မိမိကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိကြောင်း။
  • နိုင်ငံ့အကျိုး၊ ဒေသအကျိုး၊ တိုင်းရင်းသားများအကျိုးကိုကြည့်ရှု၍ နိုင်ငံတော် ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များ၌ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်လိုကြောင်း။
  • ရခိုင်ပြည်နယ်သည် ကောင်းမွန်သည့် ရေခံမြေခံများကို ပိုင်ဆိုင်ထားရှိသဖြင့် အဆိုပါအရင်းအမြစ်ကောင်းများကိုအခြေခံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး ဒေသဖွံ့ဖြိုးတိုးတက်မှုကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
  • စီးပွားရေးမြှင့်တင်မှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်တွင် စီးပွားရေးအရ အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန် လိုကြောင်း။
  • မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အတွင်း ငါးပုစွန်မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်ပြီး ပြည် တွင်းစားသုံးမှုကိုသာမက ပြည်ပနိုင်ငံများသို့လည်း တင်ပို့နိုင်မည်ဖြစ်သဖြင့် မွေးမြူရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်အနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • နယ်စပ်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း စည်းကမ်းစနစ်တကျ ကုန်စည်တင်ပို့မှုများကိုဆောင်ရွက်ရန်လိုပြီး တရားမဝင်ကုန်သွယ်မှုများ ဖြစ်နိုင်သဖြင့် တရားမဝင်ကုန်သွယ်မှုလမ်းကြောင်းများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း။
  • ရခိုင်ပြည်နယ်သည် ပူပြင်းသည့်ဒေသဖြစ်သည့်အတွက် ပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် အရိပ်ရလေကာပင်များစိုက်ပျိုးမှုကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ကြစေလိုကြောင်း။
  • ရခိုင်ပြည်နယ်သည် ခရီးသွားလုပ်ငန်းအတွက် အလားအလာများစွာရှိသည့် ဒေသတစ်ခုဖြစ်ပြီး ငပလီကမ်းခြေကဲ့သို့ ကမ္ဘာကျော် ကမ်းခြေများရှိသကဲ့သို့ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဒေသလည်းရှိကြောင်း။
  • ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများတိုးချဲ့ရေးအတွက်လည်း စီမံဆောင်ရွက်လျက်ရှိပြီး မိမိတို့တာဝန်ယူချိန်ကာလအတွင်း ရနိုင်သမျှဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း။
  • နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအနေ ဖြင့်လည်း မိမိတို့တတ်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းဆောင်ရွက်သွားမည်ဆိုပါက ရခိုင်ပြည်နယ်သည်များစွာဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်းဖြင့်ပြောကြားခဲ့။

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများကို တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ပြီးနောက် စစ်တွေမြို့၊ ရှုခင်းသာလမ်း တစ်လျှောက်တွင် ပြည်သူများ အနားယူအပန်းဖြေနိုင်ရန်အတွက် ကမ်းခြေတစ်လျှောက် သဲဖို့ခြင်းလုပ်ငန်းများဆောင်ရွက်ရန် စီမံဆောင်ရွက်မည့်အခြေအနေများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

 

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၄-၁-၂၀၂၃)

 

  • နိုင်ငံ့ဝန်ထမ်းများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ့ဝန်ထမ်းများ လိုက်နာရမည့် စည်းကမ်းများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိကိုယ်ကို သစ္စာရှိရမည်၊ မိမိဌာနနှင့်လုပ်ဖော်ကိုင်ဖက်များအပေါ်သစ္စာရှိရမည်၊ နိုင်ငံတော်အပေါ်သစ္စာရှိရမည်ဖြစ်
  • ဒီမိုကရေစီဟူသည်မှာ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ အများဆန္ဒနှင့်အညီ စီမံအုပ် ချုပ်ဆောင်ရွက်ရခြင်းဖြစ်ပြီး ထိုသို့ဆောင် ရွက်ရာတွင် အများဆန္ဒနှင့်အညီဟုဆိုသော်လည်း ဥပဒေနှင့် အညီသာဆောင်ရွက်ရမည်ဖြစ်။
  • မိမိတို့တာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှု အာဏာခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဖော်ဆောင် သွားမည်ဖြစ်။
  • နိုင်ငံတည်ငြိမ်အေးချမ်းစေရန်နှင့် နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ရည်ရွယ်၍ ရိုးသားစွာဖြင့် မိမိတို့နှင့် လာရောက်ဆွေးနွေးမည်ဆိုပါက ငြိမ်းချမ်းရေးအတွက် အမြဲတံခါးဖွင့် ထားလျက်ရှိ 
  • ငြိမ်းချမ်းရေးကို လိုလားသည့် မည်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းကိုမဆို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး မိမိကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိ။
  • ရခိုင်ပြည်နယ်တွင် စီးပွားရေးအရ အောင်မြင်စွာ ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ ရှိပြီးဖြစ်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းစွာဆောင်ရွက်နိုင်ရန်အတွက် နည်းလမ်းများ ရှာဖွေဆောင်ရွက်ရန်လို။
  • နယ်စပ်ကုန်သွယ်မှုနှင့်ပတ်သက်၍လည်း စည်းကမ်းစနစ်တကျ ကုန်စည်တင်ပို့မှုများကို ဆောင်ရွက်ရန်လိုပြီး တရားမဝင်ကုန်သွယ်မှုများ ဖြစ်နိုင်သဖြင့် တရားမဝင်ကုန်သွယ်မှု လမ်းကြောင်းများမရှိစေရေး ကြပ်မတ်ဆောင်ရွက်ကြရန်လို။
  • နိုင်ငံတော်အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ ဆောင်ရွက်ပေးသွားမည်ဖြစ်သကဲ့သို့ ဒေသခံပြည်သူများအနေ ဖြင့်လည်း မိမိတို့ တတ်နိုင်သည့် အခန်းကဏ္ဍများမှ ဝိုင်းဝန်းဆောင်ရွက်သွားကြစေလို။

Add new comment