ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဆက်လက်ဆောင်ရွက်လျက်ရှိ

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော Quarantine Center များအား ဆက်လက်ဖွင့်လှစ်ပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးပေးခြင်းတို့အား တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီး၌ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်-

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက်တွင် တတိယအကြိမ်အဖြစ် ၂၇၅ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၁၅၈,၉၈၇ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ် အဖြစ် ပြည်သူစုစုပေါင်း ၅၉,၄၃၉ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။

· တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူများ၏ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးစီးမှုမှာ ဇန်နဝါရီလ ၁၁ ရက်တွင် ဒုတိယ အကြိမ်အဖြစ် ၆,၂၇၄ ဦးအားလည်းကောင်း၊ ပထမအကြိမ် အဖြစ် ၂,၁၃၀ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက်အထိ ကျောင်းသား/သူစုစုပေါင်း ၁,၅၁၆,၇၁၈ ဦးကာကွယ်ဆေးထိုးနှံပြီးစီးခဲ့ပြီးဖြစ်။

· ဇန်နဝါရီလ ၁၁ ရက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကလေးမြို့နှင့် မုံရွာမြို့များသို့ တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိ။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက် ရှိရာ ဇန်နဝါရီလ ၁၁ ရက်တွင် ဓာတ်ခွဲနမူနာစုစု ပေါင်း ၁၂,၅၄၂ ခုအားစစ်ဆေးခဲ့ပြီး၊ ဓာတ်ခွဲအတည်ပြုလူနာသစ် ၂၃၅ ဦးဖြင့် ရောဂါပိုးတွေ့ရှိမှု ၁.၈၇ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ၁၁-၁-၂၀၂၂ ရက် အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၁၅၃,၁၅၀ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၂,၄၀၂ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၁၉,၂၉၅ ဦးရှိကြောင်း သိရှိရပါသည်။

  • တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၁၁ ရက်တွင် တတိယအကြိမ်အဖြစ် ၂၇၅ ဦးအားလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ပြည်သူစုစု ပေါင်း ၁၅၈,၉၈၇ ဦးအားလည်း‌ကောင်း၊ ပထမအကြိမ်အဖြစ် ပြည်သူစုစုပေါင်း ၅၉,၄၃၉ ဦးအားလည်းကောင်း ကာကွယ်ဆေးထိုးနှံပေးခဲ့။
  • ၁၁-၁-၂၀၂၂ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/သူ စုစုပေါင်း ၁,၅၁၆,၇၁၈ ဦးကာကွယ်ဆေး ထိုးနှံပြီးစီးခဲ့ပြီးဖြစ်။
  • ၁၁-၁-၂၀၂၂ ရက်အထိ ဓာတ်ခွဲနမူနာစုစုပေါင်း ၆,၁၅၃,၁၅၀ ခုအား စစ်ဆေးခဲ့ရာ အတည်ပြုလူနာစုစုပေါင်း ၅၃၂,၄၀၂ ဦးနှင့် သေဆုံးသူစုစုပေါင်း ၁၉,၂၉၅ ဦး ဖြစ်ပြီး ၁၁-၁-၂၀၂၂ ရက်တွင် ရောဂါပိုးတွေ့ရှိမှု ၁.၈၇ ရာခိုင်နှုန်းရှိ။

 

Add new comment