၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်အထိ ၁၁ လခွဲကာလအတွင်း ပြည်ပသို့ သတ္ထုတွင်းထွက်တင်ပို့မှုအနေဖြင့် နိုင်ငံပိုင်မှ အမေရိကန်ဒေါ်လာ ၂၂.၄၁၉ သန်း၊ ပုဂ္ဂလိကပိုင်မှ အမေရိကန်ဒေါ်လာ ၃၀၆.၁၇၂ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၂၈.၅၉၁ သန်း ရရှိခဲ့။

  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် နှစ်သန်းကျော်တင်ပို့ရန်လျာထား။

  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ စက်မှုကဏ္ဍ၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခု၊ ဝန်ဆောင်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းနှစ်ခုတို့ကို ခွင့်ပြုပေးခဲ့။

  • ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၏ မတည်ငွေရင်းပမာဏမှာ ငွေကျပ် သန်း ၇၅၀ နှင့် အမေရိကန်ဒေါ်လာ ၁၁.၆၀၆ သန်းဖြစ်ပြီး ယင်းလုပ်ငန်း ၁၁ ခုတို့မှ ၄,၃၂၂ ဦး အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်။

        ခွင့်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ Warehousing Services and Logistics Services  လုပ်ငန်း၊ ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ ဆန်ကြိတ်ခွဲခြင်း၊ ဆန်ချောသန့်စင်ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်၊ လျှပ်စစ်ဝိုင်ယာကြိုးအမျိုးမျိုးထုတ်လုပ်ခြင်း လုပ်ငန်းများနှင့် အလူမီနီယမ်၊ ခဲမဖြူ(သံဖြူ)နှင့် ကြေးနီသတ္ထုထုတ်လုပ်၍ ၁၀၀ ရာခိုင်နှုန်း ပြည်ပသို့ တင်ပို့ခြင်းလုပ်ငန်းတို့ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၃-၂၀၂၃)

 

  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက် အထိ ပြည်ပသို့ သတ္ထုတွင်းထွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၈.၅၉၁ သန်း ရရှိခဲ့။
  • ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ပြောင်းတန်ချိန် နှစ်သန်းကျော် တင်ပို့ရန်လျာထား။
  • ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီမှ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ် ငန်း ၉ ခုနှင့် မြန်မာနိုင်ငံသားရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၂ ခု ခွင့်ပြုပေးခဲ့။

Add new comment