အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကျင်းပ

          အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး (5th Executive Committee Meeting) ကို မတ်လ ၃၀ ရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ်ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

         အစည်းအဝေးသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့က နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ပတ္တမြားခန်းမမှ တက်ရောက်ကြပြီး ASEANSAI ဒုတိယဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံစာရင်းစစ်ချုပ် Mr. Gamaliel A. Cordoba ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၊ ASEANSAI ၏ အတွင်းရေးမှူးချုပ် Mr. Bahtiar Arif ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် ထိုင်းနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြပါသည်။

      အစည်းအဝေးတွင် ASEANSAI ဥက္ကဋ္ဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က ASEANSAI ၏ (၇) ကြိမ်မြောက် အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေမှုကိုလည်းကောင်း၊ ဖိလစ်ပိုင်နိုင်ငံ စာရင်း စစ်ချုပ်က ASEANSAI ၏ (၇) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ဖိလစ်ပိုင်နိုင်ငံ စာရင်းစစ်ချုပ်ရုံးမှ အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပနိုင်ရေး ကြို တင်ပြင်ဆင်နေမှုကိုလည်းကောင်း၊ ASEANSAI အတွင်းရေးမှူးချုပ်က ASEANSAI ၏ ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာကိစ္စများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံအသစ်ဖြစ်လာမည့် တီမောလက်စ်တီနိုင်ငံဆိုင်ရာ အကြောင်းအရာအကျဉ်းချုပ်ကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၃-၂၀၂၃)

 

  • အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI)၏ (၅) ကြိမ်မြောက် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက အိမ်ရှင်အဖြစ် ဦးဆောင်၍ Virtual စနစ်ဖြင့် ကျင်းပခဲ့။

Add new comment