နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် စစ်တွေတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ ဆရာ၊ ဆရာမများအား တွေ့ဆုံအမှာစကားပြောကြား

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဇနီးဒေါ်ကြူကြူလှနှင့် အဖွဲ့ဝင်များလိုက် ပါ၍ မတ်လ ၃၀ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စစ်တွေတက္ကသိုလ်သို့သွားရောက်၍ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံခဲ့ပါသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များအား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာခင်မောင်ဇော်က စစ်တွေတက္ကသိုလ်မှ ပညာရေးဆိုင်ရာသင်ကြားပို့ချပေးလျက်ရှိသည့် အခြေအနေများ၊ ၂၀၂၃-၂၀၂၄ ပညာ သင်နှစ်မှစ၍ ပါရဂူဘွဲသင်တန်းများ စတင်ဖွင့်လှစ်သွားမည့်အခြေအနေများ၊ တက္ကသိုလ်တွင် သင်ကြားရေးဆိုင်ရာ အဆောက်အဦများ တိုးချဲ့ဆောင် ရွက်ပေးရန် လိုအပ်လျက်ရှိမှု အခြေအနေများအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

        ရှင်းလင်းတင်ပြမှုများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က -

  • “တက္ကသိုလ်” သို့မဟုတ် “တက္ကသီလာ” ဟူသည်မှာ အဆင့်မြင့် အတတ်ပညာ၊ အသိပညာ နည်းပညာရပ်များကို သင်ကြားလေ့ကျင့်ပေးပြီး ကိုယ်ကျင့် တရားကောင်းမွန်အောင် ပဲ့ကိုင်ပေးသည့် ဌာနပင်ဖြစ်ကြောင်း။
  • နိုင်ငံတစ်ခု၊ ဒေသတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်း အမြစ်များ များစွာ လိုအပ်ကြောင်း။
  • မိမိတို့တာဝန်ယူချိန်တွင် တက္ကသိုလ်ပညာသင်ကြားရေး၌ အထောက်အကူပြုစေရန်အတွက် ပညာရေးဆိုင်ရာ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သကဲ့သို့ နေထိုင်မှုစရိတ်များလည်း ပေးအပ်ခဲ့ပြီး ချီးမြှင့်ငွေများ ပေးအပ်ရာတွင် ပညာရပ်အလိုက် ချီးမြှင့်ပေးအပ်လျက်ရှိကြောင်း။
  • ကိုဗစ်-၁၉ ကာလ နိုင်ငံ့စီးပွားရေး ကျဆင်းခဲ့သော်လည်း မိမိတို့အနေဖြင့် နိုင်ငံ၏ကုန်ထုတ်လုပ်မှုများတိုးတက်အောင်ဆောင်ရွက်ခဲ့ပြီး နိုင်ငံ့ဝင်ငွေများ တိုးတက်အောင် ဆောင်ရွက်ခဲ့၍ ယခုအခါ မိမိတို့နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် တိုးတက်လာပြီဖြစ် ကြောင်း။
  • နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် လွန်စွာအရေးကြီးပြီး မိမိတို့နိုင်ငံအနေဖြင့် လွန်ခဲ့သည့်ကာလများကိုလေ့လာကြည့်ပါက အတန်းလိုက် တန်းစဉ်ကူးပြောင်းမှုများနည်းပါးခဲ့ကြောင်း။
  • ပညာရေးအားပေးမှုနည်းပါးခြင်းကြောင့်နိုင်ငံတော်ကို အဘက်ဘက်မှ ထိခိုက်စေနိုင်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများ ရာခိုင်နှုန်းပြည့် မရရှိနိုင်ကြောင်း။
  • စစ်တွေတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများတွင် ဒေသခံများပါဝင်ခြင်းကြောင့် မိမိတို့ ဒေသတိုးတက်ရေးအတွက် မိမိတို့သင်ကြားပေးနေရသည့် ကျောင်း သား၊ ကျောင်းသူများ ပညာတတ်များဖြစ်စေရေး စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်လိုကြောင်း။
  • အခြေခံပညာအဆင့်၌ သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် ပို့ချသင်ကြားခြင်း (Teaching) ကို အဓိကထားဆောင်ရွက်ရပြီး အဆင့်မြင့်ပညာအဆင့် သင်ကြားသင်ယူမှုများဆောင်ရွက်ရာတွင် တွေးခေါ်လေ့လာသင်ကြားခြင်း (Studying)ကိုအဓိကထားဆောင် ရွက်ကြသောကြောင့် ကျောင်းသား၊ ကျောင်းသူများ အတွေးအခေါ် ကောင်းမွန်စေရေးနှင့် ပညာရပ်များကို မှန်ကန်စွာ တတ်မြောက်စေရေး စနစ်တကျ သင်ကြားပေးကြစေလိုကြောင်း။
  • နေရပ်ဒေသ အသီးသီးမှ လာရောက်သင်ကြားသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တက္ကသိုလ်မှသင်ကြားပေးမည့် အသိ ပညာ၊ အတတ်ပညာများအပြင် လူမှုစီးပွားဘဝကို တိုးတက်ကောင်းမွန်စေမည့် နေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံ၊ ဝတ်စားဆင်ယင်မှုပုံစံနှင့် တွေးခေါ်မျော်မြင်မှုပုံစံ စသည့် အတွေ့ အကြုံများကို ကောင်းမွန်စွာ ရရှိစေလိုကြောင်း။
  • တက္ကသိုလ်သည် ဘာသာရပ်ဆိုင်ရာများနှင့် အတွေ့အကြုံကောင်းများရရှိရေး သင်ကြားဆောင်ရွက်ပေးသည့် နေရာဖြစ်သဖြင့် ပညာ သင်ကြားရေး ဆောင်ရွက်နေသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အနေ ဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကိုသာ အလေးထားစေလိုကြောင်း။
  • စစ်တွေတက္ကသိုလ်အတွက် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ အိပ် ဆောင်များ၊ စာသင်ဆောင်များ လိုအပ်မှုအတွက်လည်း ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်သလို ဘောလုံးကွင်းအဆင့်မြှင့်တင်မှုနှင့်ပတ်သက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားခဲ့။

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ သည် တက္ကသိုလ်နှင့် အဆောင်များအတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြပြီးနောက် စစ်တွေမြို့ View Point သို့သွားရောက်၍ View Point သန့်ရှင်းသာ ယာလှပစေရေးအတွက် တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၁-၃-၂၀၂၃)

 

  • နိုင်ငံတစ်ခု၊ ဒေသတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရာတွင် အသိပညာ၊ အတတ်ပညာများ ပြည့်စုံသည့် လူသားအရင်း အမြစ်များ များစွာလို။
  • မိမိတို့တာဝန်ယူချိန်တွင် တက္ကသိုလ်ပညာသင်ကြားရေး၌ အထောက်အကူပြုစေရန်အတွက် ပညာရေးဆိုင်ရာ ဆရာ၊ ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သကဲ့သို့ နေထိုင်မှုစရိတ်များလည်း ပေးအပ်ခဲ့။
  • နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် လွန်စွာအရေးကြီးပြီး မိမိတို့ နိုင်ငံအနေဖြင့် လွန်ခဲ့သည့်ကာလများကိုလေ့လာကြည့်ပါက အတန်းလိုက် တန်းစဉ်ကူးပြောင်းမှုများနည်းပါးခဲ့။
  • တက္ကသိုလ်သည် ဘာသာရပ်ဆိုင်ရာများနှင့် အတွေ့အကြုံကောင်းများရရှိရေး သင်ကြားဆောင်ရွက်ပေးသည့် နေရာဖြစ်သဖြင့် ပညာ သင်ကြားရေးဆောင်ရွက်နေသူ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံရေးထက် နိုင်ငံ့အရေးကို သာ အလေးထားစေလို။
  • စစ်တွေတက္ကသိုလ်အတွက် လိုအပ်သည့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များ၊ စာသင်ဆောင်များလိုအပ်မှုအတွက်လည်း ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်သလို ဘောလုံးကွင်းအဆင့်မြှင့်တင်မှုနှင့်ပတ်သက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်။

 

 

Add new comment