NUG   လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများမှ ၂၃၀ ကေဗွီ သထုံ-မော်လမြိုင်ဓာတ်အားလိုင်း တာဝါတိုင် (၂) တိုင်အား မိုင်းခွဲဖောက်ခွဲဖျက်ဆီးမှုအခြေအနေများအား သတင်းထုတ်ပြန်ခြင်း

       လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည်   ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားကို နည်းမျိုးစုံဖြင့် တိုးမြှင့်ထုတ်လုပ်နိုင်ရန် စီမံဆောင်ရွက်လျက်ရှိသော်လည်း ယခုကာလများတွင် ပြည်သူလူထု၏ လိုအပ်ချက်ကို လုံလောက်အောင် ဖြည့်ဆည်းပေးနိုင်မှုမရှိသဖြင့် ထုတ်လုပ်ပေးနိုင်မှုကို အခြေခံ၍ မျှတစွာခွဲဝေခံစားရရှိနိုင်ရန် စီမံဆောင်ရွက် ဖြန့်ဖြူးလျက်ရှိပါသည်။

        ထိုသို့ဆောင်ရွက်နေသည့်ကာလတွင် NUG လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်သမားများမှ ပြည်သူများ၏ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးပေးလျက်ရှိသော လျှပ်စစ်ပိုင်းဆိုင်ရာ အခြေခံအဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှုများ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိရာ ၂၇-၃-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံမှထွက်ရှိသည့် ဓာတ်အား(၈၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ဓာတ်အားချိတ်ဆက်ဖြန့်ဖြူးပေးလျက်ရှိသည့် ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်း၏ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ တာဝါတိုင်(၂)တိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၁) တိုင်မှာ ပြိုလဲခဲ့ပြီးတာဝါတိုင် (၁) တိုင်မှာ အောက်ခြေခြေထောက် (၁) ချောင်း ပျက်စီးခဲ့ပါသည်။ အဆိုပါတာဝါတိုင်များ  ပြိုလဲပျက်စီးခဲ့မှုကြောင့် နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် ဓာတ်အား (၈၀)မဂ္ဂါဝပ် လျော့နည်းခဲ့ရပါသည်။

      သို့ပါ၍ ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၂၇) ကြိမ်ဖောက်ခွဲဖျက်ဆီးခဲ့ရာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့်လည်း လုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းကာ ပြင်ဆင်ခြင်းလုပ်ငန်း များအား ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက  သတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၃၀-၃-၂၀၂၃)

 

  • ၂၇-၃-၂၀၂၃ ရက်နေ့တွင် NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ၂၃၀ ကေဗွီ သထုံ-မော်လမြိုင် ဓာတ်အားလိုင်း၏ သထုံမြို့နယ်၊ ဒူးရင်း ဆိပ်ကျေးရွာ၊ ဒုံသမိချောင်းအနီးရှိ တာဝါတိုင်(၂)တိုင်ကို မိုင်းခွဲဖျက်ဆီးခဲ့သဖြင့် တာဝါတိုင် (၁) တိုင်မှာ ပြိုလဲခဲ့ပြီး တာဝါတိုင် (၁) တိုင်မှာ အောက်ခြေခြေထောက် (၁) ချောင်းပျက်စီးခဲ့ရာ နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်လျက်ရှိသည့် ဓာတ် အား (၈၀)မဂ္ဂါဝပ် လျော့နည်းခဲ့။

  • ယနေ့အချိန်ထိ NUG လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများမှ ရည်ရွယ်ချက်ရှိရှိဖြင့် အများပြည်သူသို့လျှပ်စစ်ဓာတ်အား ဖြည့်ဆည်းပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားပေးစက်ရုံများ၊ လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ဓာတ်အားခွဲရုံများအား ဖောက်ခွဲဖျက်ဆီးခဲ့သည့် အကြိမ်ပေါင်း (၂၂၇) ကြိမ်ရှိပြီဖြစ်။

Add new comment