၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ဗဟိုသန်းခေါင်စာရင်းကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၉ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က-
-
မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူပြီးနောက် ၁၀ နှစ်အကြာဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အချိန်ကျရောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစ၍ ဆောင်ရွက်နေပြီဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးအနေဖြင့် စုစုပေါင်း ၅၄ လခန့် ကြာမြင့်မည်ဖြစ်ကြောင်း ပြောကြားခဲ့။
ကော်မတီဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းအောင်မြင်ရေးအတွက် ဌာနအလိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးမည့်အစီအစဉ်၊ ကော်မတီအဆင့်ဆင့်တွင် ဌာနအလိုက် ပါဝင်ဖွဲ့စည်းဆောင်ရွက်မည့်အခြေအနေ၊ လုပ်ငန်းလိုအပ်ချက်များကို ရှင်းလင်းတင်ပြကြရာ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးဌေးလှိုင်က လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။
အခမ်းအနားသို့ ဗဟိုသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြန်မာ့အလင်းသတင်းစာ ၃၀-၃-၂၀၂၂)
-
မိမိတို့နိုင်ငံအနေဖြင့် ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းကောက်ယူပြီးနောက် ၁၀ နှစ် အကြာဖြစ်သည့် ၂၀၂၄ ခုနှစ်တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူ ရန် အချိန်ကျရောက်ပြီဖြစ်သည့်အတွက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် မှစ၍ ဆောင်ရွက်နေပြီဖြစ်ပြီး သန်းခေါင်စာရင်းလုပ်ငန်းစဉ်တစ်ခုလုံးအနေဖြင့် စုစုပေါင်း ၅၄ လခန့် ကြာမြင့်မည်ဖြစ်။
Add new comment