ရွှေဘိုမြို့ရှိ အဝေးပြေးကားကွင်း အနီး၌ PDF အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲ

         မတ်လ ၂၈ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်းအနီး၌ PDF အကြမ်းဖက်သမားများထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၄ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရပါသည်။

          PDF အကြမ်းဖက်သမားများသည် အလုံးစုံပျက်သုဉ်းရေးအတွက် ယုတ်ညံ့သောစိတ်ဓာတ်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များအား ငွေကြေးထောက်ပံ့ခြင်း၊ နောက်ကွယ်မှသွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အများပြည်သူသွားလာနေသော လမ်း များ၊ ကားဂိတ်/ကားဝင်းများတွင် လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲ၍ နိုင်ငံအတွင်းဆူပူမှုများ လုပ်ဆောင်လျက်ရှိပါသည်။

       အဆိုပါ မိုင်းထောင်ဖောက်ခွဲခဲ့သူများအား အမြန်ဆုံးဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၃)

 

  • ရွှေဘိုမြို့၊ အမှတ်(၆)ရပ်ကွက်ရှိ ကားကြီးကွင်းအနီး၌ PDF အကြမ်းဖက်သမား များထောင်ထားသည့် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ပေါက်ကွဲခဲ့မှုကြောင့်  အပြစ်မဲ့ပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ရပြီး အသက် ၄ နှစ်အရွယ်နှင့် အသက် ၁၁ နှစ်အရွယ်ကလေးငယ် ၂ ဦး အပါအဝင် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၈ ဦး၊ စုစုပေါင်း ၁၈ ဦး မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့။

Add new comment