နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊ မှတ်ပုံတင်ခွင့်လျှောက်ထားခြင်းနှင့် ပါတီဖျက်သိမ်းခြင်းတို့နှင့်စပ်လျဉ်း၍ ကြေညာခြင်း

       နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လာရောက်လျှောက်ထားခဲ့ရာ မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိပါသည်။ အဆိုပါ ၆၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံးစည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီဖြစ်ပြီး ပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိပါသည်။

        နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားရမည့် သတ်မှတ်ကာလမှာ မတ်လ ၂၈ ရက်တွင် ကုန်ဆုံးသွားပြီဖြစ်ပါသည်။ သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီတို့သည် နိုင်ငံရေး ပါတီအဖြစ်မှ အလိုအလျောက်ပျက်ပြယ်ပြီးဖြစ်သဖြင့် ယင်းပါတီများကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမှပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၉-၃-၂၀၂၃)

 

  • မတ်လ ၂၈ ရက်အထိ နိုင်ငံရေးပါတီတည်ထောင်လိုသောပါတီ ၁၃ ပါတီ၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသောပါတီ ၅၀ ပါတီ၊ စုစုပေါင်း ၆၃ ပါတီ လာရောက်လျှောက်ထားလျက်ရှိ။
  • အဆိုပါ ၆၃ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၁၂ ပါတီနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီ ၅၁ ပါတီ ဖြစ်ပြီး ပါတီများကိုတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိ။
  • သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀ ပါတီတို့သည် နိုင်ငံရေးပါတီအဖြစ်မှ အလိုအလျောက်ပျက် ပြယ်ပြီးဖြစ်သဖြင့် ယင်းပါတီများကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခြင်းမှပယ်ဖျက်၍ ပါတီများအား ဖျက်သိမ်းခဲ့။

Add new comment