(၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြား

         (၇၈) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ ရက်တွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါသည်။

       စစ်ရေးပြအခမ်းအနားတွင် ပါဝင်ချီတက်ကြမည့် စစ်ကြောင်းမှူးများဦးဆောင်သည့် အနော်ရထာစစ်ကြောင်း၊ ကျန်စစ်သားစစ်ကြောင်း၊ ဘုရင့်နောင်စစ်ကြောင်း၊ အောင်ဇေယျစစ်ကြောင်း၊ ဆင်ဖြူရှင်စစ်ကြောင်း၊ ဗန္ဓုလစစ်ကြောင်း၊ အောင်ဆန်းစစ်ကြောင်းတို့သည် စစ်တီးဝိုင်းအဖွဲ့များနှင့်အတူ စစ်ရေးပြကွင်းအတွင်းသို့ အစီအစဉ်အတိုင်း ချီတက်ကြပါသည်။

      ထိုသို့ ချီတက်ချိန်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ၊ ရုပ်ရှင်ဂီတ အနုပညာရှင်များက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုကြပါသည်။

     နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် စစ်ရေးပြကွင်းသို့ရောက်ရှိ၍ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၏ အလေးပြုခြင်းကိုခံယူကာ စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးခဲ့ပြီးနောက် မိန့်ခွန်းပြောကြားခဲ့ပါသည်။

      ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်အား -

  • တပ်မတော်(လေ)မှ MI-2 M ရဟတ်ယာဉ် ၂ စီး စောင့်ကြပ်လိုက်ပါလာသည့် MI-17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၁ စီး၊ MI-35P ရဟတ်ယာဉ် ၃ စီး၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ်တစ်စီးနှင့် MiG-29 ဘက်စုံသုံး တိုက်လေယာဉ် ၂ စီး၊ H-125 ရဟတ်ယာဉ်တစ်စီးနှင့် Eurocopter ၂ စီး၊ MTX –1A လေယာဉ်တစ်စီးနှင့် PT-6 လေယာဉ် ၅ စီး၊ Y-12 IV အမျိုးအစား သယ်ယူ ပို့ဆောင်ရေးလေယာဉ်တစ်စီးနှင့် Grob-120 TP လေယာဉ် ၂ စီး၊ ATR-42 အမျိုး အစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးနှင့် BEECH 1900D အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၂ စီးတို့ကလည်းကောင်း။
  • K-8 W ဂျက်တိုက်လေယာဉ် ၆ စီး၊ A-5JK ဗုံးကျဲတိုက်လေယာဉ် တစ်စီးနှင့် Yak-130 ဂျက်တိုက်လေယာဉ် ၄ စီး၊ FTC-2000G ဂျက်တိုက်လေယာဉ် ၅ စီး၊ MiG- 29 ဘက်စုံသုံး ဂျက်လေယာဉ် ၅ စီးတို့က အလံများချိတ်ဆွဲ၍လည်းကောင်း၊ အုပ်ဖွဲ့ ပျံသန်းခြင်းပုံစံဖြင့်လည်းကောင်း၊ အဝါရောင်၊ အစိမ်းရောင်၊ အနီရောင်မီးခိုးများ ထုတ်လွှတ်၍လည်းကောင်း  အသီးသီးသရုပ်ပြပျံသန်းကြပြီး အလေးပြုကြပါသည်။

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

       အဆိုပါ (၇၈)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားသို့ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ရဲဘော်သုံးကျိပ်ဝင် မိ သားစုဝင်များ၊ အငြိမ်းစားတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ၏ မိသားစုဝင်များ၊ နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ်များ၊ အနုပညာရှင်များ၊ သတင်းမီဒီယာကောင်စီ၊ ရုပ်ရှင်သဘင်ဂီတ အစည်းအရုံးနှင့် သေနင်္ဂဗျူဟာလေ့လာရေးအဖွဲ့တို့မှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီရုပ်မြင်သံကြားသတင်း ၂၇-၃-၂၀၂၃)

 

  • (၇၈) နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို မတ်လ ၂၇ ရက်တွင် နေပြည်တော်စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်တက်ရောက်မိန့်ခွန်းပြောကြားခဲ့။
  • စစ်ရေးပြတပ်ခွဲများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၏ဇနီး ဒေါ်သန်းသန်းနွယ်၊ တပ်မတော်အရာရှိကြီးများ၏ ဇနီးများ၊ အရာရှိ၊ စစ်သည်မိသားစုများ၊ ရုပ်ရှင်ဂီတအနုပညာရှင်များက ဂုဏ်ပြုပန်းကုံးများစွပ်၍ ကြိုဆိုခဲ့။

Add new comment