နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့သည် ဇန်နဝါရီလ ၁၁ ရက်တွင် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ ကချင် တိုင်းရင်းသားများ၊ ရှမ်းတိုင်းရင်းသားများနှင့် ဗမာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ တိုင်း ရင်းသားအဖွဲ့များ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများနှင့် အမှတ်တရလက် ဆောင်များ ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကောက်သစ်စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်၌ တည်ဆောက်ပြီးစီးသော တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူးရုံးသစ်အဆောက်အဦဖွင့်ပွဲကို တက်ရောက်ခဲ့ပြီး ရုံးသစ်အဆောက်အဦအတွင်း ခင်းကျင်းပြသထားသည့် တိုင်းရင်းသား စာပေ စာအုပ်စာစောင်များ၊ တိုင်းရင်းသားများအခွင့်အရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေစာအုပ်များကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။
၎င်းနောက် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးလေ့ကျင့်ရေးဦးစီးဌာန၊ အမှတ် ၁ နှင့် ၂ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း(မြစ်ကြီးနား)မှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံ၍ ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများနှင့် စာရေးကိရိယာများကို ထောက်ပံ့ပေးအပ်ပြီး ကျောင်းဝင်းအတွင်း ကျောင်းသားကျောင်းသူများ၏ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ရေးပစ္စည်းများဖြင့် လေ့ကျင့်ခန်းဆောင်ရွက်နေမှု၊ စားရိပ်သာတွင် အစားအသောက်ကျွေးမွေးမှုအခြေအနေ၊ အိပ်ဆောင်များနှင့် ကျောင်းစာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များသည် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းများနှင့် တွေ့ဆုံ၍ ချီးမြှင့်ထောက်ပံ့ငွေများနှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ ကောက်သစ် စားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့။
- တိုင်းရင်းသားစာပေ စာအုပ်စာစောင်များ၊ တိုင်းရင်းသားများအခွင့်အရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေစာအုပ် များကို လှည့်လည်ကြည့်ရှုခဲ့။
- အမှတ် ၁ နှင့် ၂ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း (မြစ်ကြီးနား) မှ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ထောက်ပံ့ငွေများ၊ ကျောင်းဝတ်စုံများနှင့် စာရေး ကိရိယာများကို ထောက်ပံ့ပေးအပ်ခဲ့၊။
Add new comment