တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ရန်ကုန်တိုင်းဒေသကြီး၊ ကိုကိုးကျွန်းမြို့အတွင်းရှိ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပြီး ပြန်လည်ရောက်ရှိ

         ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် မတ်လ ၁ ရက်မှ ၂၂ ရက်ထိ  ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ပေးရာတွင် ရခိုင်ကမ်းရိုးတန်းဒေသများဖြစ်သော ဂွမြို့၊ သံတွဲမြို့နယ်၊ ရမ်းဗြဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့၊ မြေပုံမြို့နယ်၊ ပေါက်တောမြို့တို့ရှိ ပတ်ဝန်းကျင်ကျေးရွာများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ် အနီးတစ်ဝိုက်ဒေသများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဆောင်ရွက်ပေးမှုအနေဖြင့် ဆေးကုသမှုဆိုင်ရာရောဂါ (၄,၈၁၆) ဦး၊ ခွဲစိတ် ရောဂါ (၈၁၈) ဦး၊ သားဖွား/မီးယပ်ရောဂါ (၆၀၉) ဦး၊ ကလေးရောဂါ (၇၈၀) ဦး၊ အရိုး ရောဂါ (၂,၈၈၄) ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ (၁,၁၇၉) ဦး၊ မျက်စိရောဂါ (၃,၅၀၉) ဦးနှင့် သွားနှင့်ခံတွင်းရောဂါ (၁,၂၃၂) ဦး၊ စုစုပေါင်းဒေသခံပြည်သူ (၁,၅၈၂၇) ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် မျက်စိ ခွဲစိတ်လူနာ (၁၄၂) ဦးနှင့် အထွေထွေခွဲစိတ်လူနာ (၁၀၀) ဦးတို့ကို ဆေးရုံရေယာဉ် ပေါ်တွင် ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့်အပြင် ဓာတ်မှန်ရိုက်လူနာ (၆၅) ဦး၊ Ultrasound ရိုက်လူနာ (၁,၁၅၈) ဦး၊ ဓာတ်ခွဲစမ်းသပ်လူနာ (၃၈၈) ဦးနှင့် ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ (၁,၁၀၇) ဦးတို့ကို ရောဂါရှာဖွေစမ်းသပ်ခြင်းများ ဆောင် ရွက်ပေးနိုင်ခဲ့ပြီး ဆေးရုံရေယာဉ်ပေါ်ရှိ သားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအား အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါသည်။

          တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူစုစုပေါင်း (၁၄၁,၉၉၄) ဦးတို့ကို ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ်ဝန်ဆောင်မိခင် (၁၈) ဦးတို့အား အောင်မြင်စွာမွေး ဖွားပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၃-၂၀၂၃)

 

  • တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၁ ရက်မှ ၂၂ ရက်ထိ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်ရှိမြို့နယ်၊ ကျေးရွာများနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မတ်လ ၂၄ ရက်တွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ ပြန်လည်ရောက်ရှိလာခဲ့။
  • တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်)ဖြင့် ၂၀၁၆ ခုနှစ်မှစ၍ မြန်မာ့ပင်လယ်ကမ်းရိုးတန်းဒေသများနှင့် ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူစုစု ပေါင်း (၁၄၁,၉၉၄) ဦးတို့ကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ရေယာဉ်ပေါ်ရှိသားဖွားခန်း၌ ကိုယ် ဝန်ဆောင်မိခင် (၁၈) ဦးတို့အား အောင်မြင်စွာမွေးဖွားပေးနိုင်ခဲ့။

Add new comment