နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ

      နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၄ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေး၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်သည့်  အချို့သောပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ချို့က အစိုးရ၏အုပ်ချုပ်မှုယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးနှက်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့ကြကြောင်း။
  • မိမိတို့အနေဖြင့် ဘဏ်စနစ်များ ထိခိုက်ပြိုလဲမှုများ မဖြစ်ပေါ်စေရေး အခက်အခဲများကြားမှ ထိန်းသိမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ် နှစ်လယ်ပိုင်းတွင် လည်ပတ်သုံးစွဲငွေများ ပုံမှန်အတိုင်း ပြန်လည် ဖြစ်ပေါ်ခဲ့ကြောင်း။
  • NLD အစိုးရလက်ထက်တွင် ပြည်တွင်းစီးပွားရေးအားပေးမှုနှင့် စီမံခန့်ခွဲရေးပိုင်းတို့တွင် အားနည်းခဲ့ခြင်းကြောင့် ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံ၏ ဂျီဒီပီသည် အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း။
  • မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ ပထမ ခြောက်လပတ် ကာလတွင် နိုင်ငံ၏ ဂျီဒီပီမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ကြောင်း။
  • ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃ ဒသမ ၄ ရာခိုင်နှုန်းသို့တိုးတက်လာခဲ့ပြီး ဆက်လက်၍ တိုးတက်မှုများရှိမည်ဟု ဘဏ္ဍာရေးဆိုင်ရာ တာဝန်ရှိသူများက ခန့်မှန်းထားကြကြောင်း။
  • မြန်မာနိုင်ငံရှိ စပ်မျိုးနေကြာမှာ တစ်ဧကလျှင် အထွက်နှုန်းတင်း ၅၀ ကျော်၊ ဆီပိဿာ ၁၄၀ ခန့်အထိ ထွက်ရှိသည်ကို တွေ့ရှိရပြီး အဆိုပါနေကြာများကို တိုးချဲ့စိုက်ပျိုးမည်ဆိုပါက နိုင်ငံ၏ စားသုံးဆီလိုအပ်ချက်ကို ပြည့်မီအောင်ဆောင်ရွက်နိုင်ကြောင်း၊ ပဲ၊ နှမ်းနှင့် အခြားဆီထွက်သီးနှံများကိုလည်း တိုးချဲ့စိုက်ပျိုးမည်ဆိုပါက စားသုံးဆီလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်မည်ဖြစ်ကြောင်း။
  • စပါးစိုက်ပျိုးမှုနှင့်ပတ်သက်၍ လက်ရှိထွက်ရှိနေသည့် အထွက်နှုန်းထက် ပိုမိုတိုးတက်ပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း ၄ မျိုးဖြင့် စနစ်တကျစိုက်ပျိုး ဆောင် ရွက်မည်ဆိုပါက တစ်ဧကချင်းအထွက်နှုန်းများတိုးတက်လာမည်ဖြစ်ကြောင်း။
  • စပါးတစ်ဧကလျှင် ပျှမ်းမျှ ၅ တင်းခန့် ပိုမိုထွက်ရှိလာမည်ဆိုပါက စိုက်ပျိုးဧက ၁၃ ဒသမ ၂ သန်းတွင် စပါးတင်း ၆၆ သန်းပိုမိုထွက်ရှိမည်ဖြစ်သဖြင့် တစ်တင်းလျှင် တစ်သောင်းနှုန်းဖြင့် တွက်ချက်မည်ဆိုပါက ငွေကျပ် ၆၆၀ ဘီလီယံ၊ တစ်သောင်းခွဲ နှုန်းဖြင့် တွက်ချက်မည်ဆိုပါက ၉၉၀ ဘီလီယံ ရရှိမည်ဖြစ်ကြောင်း။
  • စပါးတစ်ဧကလျှင် ၅ တင်း ပိုမိုထွက်ရှိအောင်စိုက်ပျိုးနိုင်မည်ဆိုပါက စပါးစိုက်တောင်သူများ ဝင်ငွေပိုမိုတိုးတက်ရရှိလာမည်ဖြစ်ပြီး ဝယ်လိုအားတက်လာမည်ဖြစ်သဖြင့် နိုင်ငံအတွင်းလည်ပတ်သုံးစွဲငွေများ တိုးတက်လာပြီး တိုင်းပြည်၏ စီးပွားရေးအားသည် ယခင်ကထက် ပိုမိုအားကောင်းလာမည်ဖြစ်ကြောင်း။
  • ဝါစိုက်ပျိုးမှုနှင့်ပတ်သက်၍ ယခင်နှစ် ဝါထွက်ရှိမှုအနေဖြင့် ၁ ဧကလျှင် ၄၃၈ ဒသမ ၅ ပိဿာနှုန်းဖြင့် စုစုပေါင်း ဝါပိဿာချိန် ၁၉၈.၇ သန်း ရရှိခဲ့ပြီး ယခုလက်ရှိတွင် နိုင်ငံ၏ ဝါလိုအပ်ချက်သည် ပိဿာပေါင်း ၃၆၃ သန်းလိုအပ်ချက်ရှိကြောင်း။
  • မိမိတို့အနေဖြင့် တစ်ဧကအထွက်နှုန်းကို ၇၀၀ ပိဿာနှုန်းအထိ ထွက်ရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်နိုင်မည်ဆိုပါက ပြည်ပမှ တင်သွင်းနေရမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း။
  • မိမိတို့နိုင်ငံသားများသည် ဆန်ကို အဓိကထားစားသုံးကြပြီး၊ စားသောက်မှုပုံစံကိုပြောင်းလဲ၍ ဂျုံကိုနေ့စဉ်တစ်နပ်နှုန်းဖြင့် ထည့်သွင်းစားသုံးမည်ဆိုပါက မိမိတို့ နိုင်ငံသားများ၏ ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုစေနိုင်မည်ဖြစ် ကြောင်း။
  • မိမိတို့အနေဖြင့် နိုင်ငံတော်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍကို စနစ်တကျဖြင့် အောင်မြင်အောင် စီမံဆောင်ရွက်နိုင်မည်ဆိုပါက အမျိုးသားရေးမျှော်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း။
  • နိုင်ငံသူနိုင်ငံသားများ ဝင်ငွေရှိမှသာလျှင် တိုင်းပြည်သာယာဝပြောမည်ဖြစ်ပြီး ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် တိုင်းပြည်အတွင်း စားရေရိက္ခာထုတ်လုပ်မှု ကောင်းမွန်ရမည်ဖြစ်ကြောင်း။
  • လောင်စာဆီနှင့်ပတ်သက်၍ ရေနံနှင့်ရေနံထွက်ပစ္စည်းများကို နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၆,၀၀၀ ကျော်ဖိုးခန့် ဝယ်ယူတင်သွင်းရလျက်ရှိသဖြင့် လောင်စာဆီ သုံးစွဲမှုများကိုလည်း ထိန်းသိမ်း ဆောင်ရွက်ကြစေလိုကြောင်း။
  • သံမဏိလုပ်ငန်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် သံရိုင်းများထွက်ရှိပြီး သံမဏိစက်ရုံအကြီး ၂ ရုံသာရှိကြောင်း၊ နှစ်စဉ်သံမဏိတန်ချိန် ၃ သန်းခန့် လိုအပ်ချက်ရှိနေပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိကလိုအပ်ချက်ရှိနေကြောင်း၊ သံမဏိထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များကို ဖိတ်ခေါ်ဆောင်ရွက်နိုင်သဖြင့် အလေးထားအားပေးဆောင်ရွက် ကြစေလိုကြောင်း။
  • နိုင်ငံတစ်နိုင်ငံအနေဖြင့် နိုင်ငံရေးမောင်းနှင်အား၊ စီးပွားရေးမောင်းနှင်အားနှင့် ကာကွယ်ရေးမောင်းနှင်အားတို့ဖြင့် လည်ပတ်ဆောင်ရွက်ရပြီး စီးပွားရေးမောင်းနှင်အားသည် အဓိကအကျဆုံးဖြစ်ကြောင်း။
  • စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာ နိုင်ငံရေးနှင့်ကာကွယ်ရေး မောင်းနှင်အားတို့ကို တည်ဆောက်နိုင်မည်ဖြစ်ပြီး အမျိုးသားရေး မျှော်မှန်းချက်နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေ ရိက္ခာဖူလုံရေးတို့ကိုလည်း ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့။

    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် တိုင်းများအနေဖြင့် နိုင်ငံတော်မှထုတ်ပေးထားသည့် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေများကို အကျိုးရှိရှိ အသုံးပြုကြရန်လိုကြောင်း၊ အဆိုပါငွေများကို အမှန်တကယ်ရင်းနှီးမြှုပ်နှံသူများလက်သို့ရောက်ရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် ထုတ်ပေးထားသည့်ငွေများ မပျောက်ပျက် စေရေးနှင့် သတ်မှတ်ကာလအတွင်း မှန်မှန်ကန်ကန် ပြန်လည်ပေးဆပ်စေရေး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားရာတွင်-

  • တိုင်းရင်းသားဒေသများရှိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ မြန်မာစာပေသင်ကြားမှု အဆင်ပြေစေရေးအတွက် မြန်မာဘာသာရပ်ကို သင်ကြားပေးသည့် ဆရာ၊ ဆရာမများအနေဖြင့် အမှန်တကယ် တတ်မြောက်အောင် သင်ကြားပေးရန်လိုကြောင်း။
  • မကြာမီကာလတွင် မြန်မာ့ရိုးရာသင်္ကြန်ကာလသို့ ရောက်ရှိတော့မည်ဖြစ်ပြီး သင်္ကြန်ကာလတွင် ပျော်ပွဲရွှင်ပွဲများကို စည်းကမ်းတကျ မြန်မာ့ရိုးရာယဉ်ကျေးမှုကို မထိခိုက်စေဘဲ ကျင်းပဆောင်ရွက် ကြရန်လိုကြောင်း။
  • လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက်စေရေး နိုင်ငံတော်အနေဖြင့် စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များကိုလည်း ဖျက်ဆီးဆောင်ရွက်လျက်ရှိကြောင်း။
  • လိုင်စင်မဲ့မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ တင်သွင်းခြင်း၊ ရောင်းချခြင်းနှင့် စီးနင်းခြင်းများကြောင့် နိုင်ငံတော်၏ အခွန်ငွေများကို ထိခိုက်စေသကဲ့သို့ အကြမ်းဖက်လုပ်ရပ်များလုပ်ကိုင်ရာတွင် အဆိုပါလိုင်စင်မဲ့ယာဉ်များကို အသုံးပြုခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှုလုပ်ငန်းစဉ်များကို ထိခိုက်စေလျက်ရှိကြောင်း။
  • MSME လုပ်ငန်းများ  ဆောင်ရွက်နိုင်ရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရင်းနှီး မတည်ငွေများ ထုတ်ပေးလျက်ရှိပြီး အဆိုပါထုတ်ပေးထားသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများသည် တစ်ဦး တစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်း၏ အကျိုးအတွက် ထုတ်ပေးထားခြင်းမဟုတ်ဘဲ အများကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေးအတွက်ဖြစ်ကြောင်း။
  • စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ကား တင်သွင်းမှုနှင့်ပတ်သက် ၍ အခွန်ငွေများကိုလျှော့ချပြီး တင်သွင်းခွင့်ပေးထားကြောင်း မှာကြားခဲ့။

        တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်း ဒေသကြီးတို့အတွက် တိုင်းဒေသကြီးတစ်ခုလျှင် ငွေကျပ် ၁၀ ဘီလီယံစီကို လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက် တိုင်းဒေသကြီးတစ်ခုလျှင် ငွေကျပ် ၈ ဘီလီယံစီကို လည်းကောင်း ပေးအပ်ရာ ဝန်ကြီးချုပ်များက လက်ခံရယူခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၅-၃-၂၀၂၃)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံရေးအရ နိုင်ငံတော်ကို အရေးပေါ်ကြေညာပြီး တာဝန်ယူဆောင်ရွက်ချိန်တွင် နိုင်ငံရေးအရ သဘောထားမတိုက်ဆိုင်သည့်  အချို့သောပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတစ်ချို့က အစိုးရ၏အုပ်ချုပ်မှုယန္တရားနှင့် ဘဏ်လုပ်ငန်းစနစ်များ ပြိုလဲစေရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် ထိုး နှက်တိုက်ခိုက်မှုများကိုပြုလုပ်ခဲ့။
  • မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ချိန်တွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ မတ်လအထိ ပထမ ခြောက်လပတ် ကာလတွင် နိုင်ငံ၏ ဂျီဒီပီမှာ ဒသမ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့။
  • နိုင်ငံသူနိုင်ငံသားများ ဝင်ငွေရှိမှသာလျှင် တိုင်းပြည်သာယာဝပြောမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် တိုင်းပြည်အတွင်း စားရေရိက္ခာထုတ်လုပ်မှု ကောင်းမွန်ရမည်ဖြစ်။
  • လိုင်စင်မဲ့မော်တော်ယာဉ်များ ပပျောက်စေရေး နိုင်ငံတော်အနေဖြင့် စီမံချက်ချ၍ ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိသည့် မော်တော်ယာဉ်များကိုလည်း ဖျက်ဆီးဆောင်ရွက်လျက်ရှိ။
  • စက်သုံးဆီသုံးစွဲမှုကို လျှော့ချနိုင်ရန်အတွက် လျှပ်စစ်ကားတင်သွင်းမှုနှင့်ပတ်သက်၍ အခွန်ငွေများကိုလျှော့ချပြီး တင်သွင်းခွင့်ပေးထား။
  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့အတွက် ငွေကျပ် ၁၀ ဘီလီယံစီ၊ ပဲခူးတိုင်း ဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အတွက်  ငွေကျပ် ဘီလီယံစီဖြင့် စုစု ပေါင်းငွေကျပ် ၅၂ ဘီလီယံကိုပေးအပ်ရာ ဝန်ကြီးချုပ်များက လက်ခံရယူခဲ့။

Add new comment