(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ အောင်မြင်စွာကျင်းပပြီးစီး

      (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နိုင်ငံတော်အတွက် နိုင်ငံခြား ဝင်ငွေရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေးအကျိုး ဖြစ်ထွန်းမှုများ ရရှိစေနိုင်ရန်အတွက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏စီစဉ်မှုဖြင့် မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

         ရတနာပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားခဲ့ပြီး အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကိုရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၂၉၀ ကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲကိုလည်းကောင်း၊ ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲပေါင်း ၁၅၄၄ တွဲကိုလည်းကောင်း ရောင်းချပေးနိုင်ခဲ့ပါသည်။

      ရတနာပြပွဲတွင် ပြည်တွင်းရတနာကုန်သည် (၂,၃၉၃) ဦး၊ ပြည်ပရတနာကုန်သည် (၃၁၇) ဦး လာရောက်ခဲ့ပြီး ပြည်ပကုန်သည်များက ပုလဲအတွဲ၊ ကျောက်မျက်အတွဲ၊ ကျောက်စိမ်းအတွဲများကို အမေရိကန်ဒေါ်လာအပြင် ယူရို၊ ယွမ်နှင့် ထိုင်းဘတ်ငွေတို့ဖြင့်လည်းကောင်း၊ ပြည်တွင်းကုန်သည်များသည် မြန်မာကျပ်ငွေဖြင့်လည်းကောင်း ပေးချေနိုင်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၃-၂၀၂၃)

 

 

  • (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်မှ ၂၃ ရက် အထိ မဏိရတနာကျောက်စိမ်းခန်းမ၌ အောင်မြင်စွာကျင်းပခဲ့ပြီး ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များကို ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့် ကျောက်မျက်အတွဲ ၇၇ တွဲရောင်းချနိုင်ခဲ့။

 

Add new comment