Earth Renewable Energy Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်မော်တော်ယာဉ်နှင့် လျှပ်စစ်ဘတ်စ်ကား ဓာတ်အားဖြည့်သွင်းရုံ (EV Charging Station)နှင့် Grand Sirius (Enterprise) Co.,Ltd မှ တည်ဆောက်ပြီးစီးသည့် လျှပ်စစ်ကား ဓာတ်အားဖြည့်သွင်းရုံ GSE Charging Station (NPT) ဖွင့်ပွဲအခမ်းအနားတို့ကို မတ်လ ၂၃ ရက်တွင် နေပြည်တော်၌ ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ သက်ဆိုင်ရာမှတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့်ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက Electric Vehicle Charging Station ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ပါသည်။
မြန်မာနိုင်ငံတွင် သဘာဝရုပ်ကြွင်းလောင်စာဆီသုံးစွဲမှုကိုလျှော့ချရန် လျှပ်စစ်ကားများ ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ လမ်းညွှန်မှုဖြင့် နေပြည်တော်တွင် (၄) နေရာ၊ ရန်ကုန်မြို့တွင် (၅) နေရာ၊ မန္တလေးမြို့တွင် (၅) နေရာနှင့် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်တွင် (၅) နေရာ၊ စုစုပေါင်း (၁၉) နေရာကို Pilot Project အနေဖြင့် တာဝန်ခွဲဝေ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။
နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် EV ယာဉ်များအား မြို့ပြ လမ်းကွန်ရက်စနစ်များတွင် ပြေးဆွဲရာ၌ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသလို ပြည်သူများသွားလာရေးလွယ်ကူ အဆင်ပြေစေရန်နှင့် ကုန်ကျစရိတ်သက်သာစေရန်အတွက် လျှပ်စစ်သုံးယာဉ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့ မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၃-၂၀၂၃)
- လျှပ်စစ်ကားများ ပြေးဆွဲအသုံးပြုနိုင်ရေးအတွက် နေပြည်တော်တွင် (၄) နေရာ၊ ရန်ကုန်မြို့တွင် (၅) နေရာ၊ မန္တလေးမြို့တွင် (၅) နေရာနှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် (၅) နေရာ၊ စုစုပေါင်း (၁၉) နေရာကို Pilot Project အနေဖြင့် တာဝန်ခွဲဝေ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့။
- နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများတွင် EV ယာဉ်များအား မြို့ပြလမ်းကွန်ရက်စနစ်များတွင် ပြေးဆွဲရာ၌ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသလို ပြည်သူများသွားလာရေးလွယ်ကူအဆင်ပြေစေရန်နှင့် ကုန်ကျစရိတ် သက်သာစေရန်အတွက် လျှပ်စစ်သုံးယာဉ်များအား ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁) ရက် နေ့မှစ၍ လမ်းအသုံးပြုခ ကင်းလွတ်ခွင့်ပြုပေးသွားမည်ဖြစ်။
Add new comment