မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

       မြန်မာနိုင်ငံသို့ AHA Centre မှတစ်ဆင့်လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့၏ ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၂၃ ရက်တွင် လုပ်ငန်းအဖွဲ့၏ဥက္ကဋ္ဌဖြစ်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

      အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အမှန်တကယ်အကူအညီလိုအပ်နေသည့် ပြည်သူများအတွက် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှုအကူ အညီများ ပေးအပ်နိုင်ရန် လိုအပ်ချက်ဆန်းစစ်မှုလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့်ပတ်သက် ၍ ဆွေးနွေးခဲ့ကြပြီး အာဆီယံတူညီဆန္ဒ၏ စတုတ္ထအချက်ဖြစ်သည့် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကတိကဝတ်အပေါ် ထပ်လောင်းအတည်ပြုခဲ့ကြကာ အကူအညီလိုအပ်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ရှိရင်းစွဲယန္တရားများအကြား ပေါင်းစပ်ညှိနှိုင်းအားကိုလည်း တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၃-၂၀၂၃)

 

  • အစည်းအဝေး၌ မြန်မာနိုင်ငံတွင် အမှန်တကယ် အကူအညီလိုအပ်နေသည့် ပြည်သူများအတွက် ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှုအကူအညီများ ပေးအပ်နိုင်ရန် လိုအပ်ချက်ဆန်းစစ်မှုလုပ်ငန်းများ အပြီးသတ်ဆောင်ရွက်နိုင်ရေး ကူညီဆောင်ရွက်ပေးနိုင်မည့် နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့။
  • အာဆီယံတူညီဆန္ဒ၏ စတုတ္ထအချက်ဖြစ်သည့် လူသားချင်းစာနာမှု အကူအညီပေးအပ်ရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ကတိကဝတ်အပေါ် ထပ်လောင်းအတည်ပြုခဲ့။

Add new comment