မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီး၌ Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့ဝင်များအား လက်နက်/ခဲယမ်း၊ မိုင်းနှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

       ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက်အရ မုံရွာမြို့၊ အေးသာယာရပ်ကွက်၊ ချင်းတွင်းမြစ်ကမ်းအနီးရှိ ယာတဲ၌ Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ရဲရင့်ကျော် (ခ) စွန်ရဲ (၃၃) နှစ်အပါအဝင် အကြမ်းဖက်အဖွဲ့ဝင်များဖြစ်သည့် ကျော်ဆန်းဦး (၂၀) နှစ်၊ ကိုကိုအောင် (ခ) တစ်ထောင် (၁၉) နှစ်၊ ဝေယံထက် (ခ) ဇီးကွက် (၁၈) နှစ်၊ စိုးစိုး (ခ) မောင်စိုး (၃၇) နှစ်၊ နေလင်းအောင် (ခ) ဥသြ (၁၇) နှစ်၊ ကောင်းခန့်ဇော် (ခ) ကောင်းစိန် (၁၈) နှစ်၊ ကျော်ရဲသူ (ခ) ကျားလေး (၁၇) နှစ်၊ အောင်ဇော်ထက် (ခ) ကိုကောင်း (၂၃) နှစ်၊ ရာပြည့် (၁၈) နှစ်နှင့် အကြမ်းဖက်သမားများအား ကူညီထောက်ပံ့ပေးနေသည့် ကြည်မင်း (၄၈) နှစ်၊ ခင်နှင်းစိုး (၄၅) နှစ်၊ ကိုမြင့် (၅၅) နှစ်နှင့် စိုးစိုး (၄၅) နှစ်၊ စုစုပေါင်းတရားခံ ၁၄ ဦးအား လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည်မျိုးစုံ ၁၇၆ တောင့်၊ အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

         ထို့ပြင် ၎င်းတို့အား ဖမ်းဆီးရမိစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူ ကျား ၂ ဦး၊ မ ၁ ဦး နှင့် ကလေးငယ် ၁ ဦး၊ စုစုပေါင်းအပြစ်မဲ့ပြည်သူ ၄ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီကယ်တင်နိုင်ခဲ့ပါသည်။

         ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်များအရ-

  • ရဲရင့်ကျော်၊ ကိုကိုအောင်၊ ဝေယံထက်၊ နေလင်းအောင်၊ ကောင်းခန့်ဇော်နှင့် ရာပြည့်တို့သည် ၂၀၂၂ ခုနှစ်၊ ဧပြီလ (ဒုတိယပတ်ခန့်)တွင် မုံရွာမြို့နယ်အတွင်းရှိ ဗောဓိတစ်ထောင်ဘုရား၏အရှေ့ဘက်တောင်ကြောပေါ်၌ မုံရွာ PDF အကြမ်းဖက်အဖွဲ့ထံ၌ အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးရေး သင်တန်း ၃ လ တက်ရောက်ခဲ့ကြောင်း။
  • သင်တန်းဆင်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (တတိယပတ်ခန့်)တွင် ရဲရင့်ကျော် ခေါင်းဆောင်၍ မုံရွာမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဆောင်ရွက်ရန်နှင့် အပြစ်မဲ့ပြည်သူများအား ဓားပြတိုက်၊ ပြန်ပေးဆွဲ၍ ငွေကြေးရယူရန် ရည်ရွယ်ချက်ဖြင့် Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့အား ကျော်ဆန်းဦး၊ ကိုကိုအောင်၊ ဝေယံထက်၊ စိုးစိုး၊ နေလင်းအောင်၊ ကောင်းခန့်ဇော်၊ ကျော်ရဲသူ၊ အောင်ဇော်ထက်၊ ရာပြည့်နှင့် ဖမ်းဆီးရန်ကျန် တရားခံများဖြစ်သည့် ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ဇော်ချမ်းပြည့်တို့ပါဝင်သော အဖွဲ့ဝင် ၁၃ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း။
  • Anonymous အမည်ခံအကြမ်းဖက်အဖွဲ့အနေဖြင့် CRPH ၊ NUG အမည်ခံ အကြမ်းဖက်အဖွဲ့များထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍  လက်နက်/ခဲယမ်းများ နှင့်ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများ  ဝယ်ယူစုဆောင်းကာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါ ရီလမှ ဖေဖော်ဝါရီလအတွင်း မုံရွာမြို့ပေါ်ရှိ နေရာ ၄ နေရာတွင် လက်လုပ်မိုင်း ၈ လုံးဖြင့် ပစ်ခတ်ဖောက်ခွဲခဲ့ကြောင်း။
  • ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်တွင် မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ အပြစ်မဲ့ပြည်သူ ဦးဂျစ်တူးအား ဒလန်ဟုစွပ်စွဲ၍ အကြောင်းမဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း။
  • ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်တွင်  မုံရွာမြို့နယ်၊ ကတို့ကုန်းကျေးရွာနေ  အပြစ်မဲ့ပြည်သူ ဦးကျော်မိုးအား ဒလန်ဟုစွပ်စွဲကာ ရက် စက်စွာ ခေါင်းဖြတ်သတ်ဖြတ်ခဲ့ကြောင်း။
  • ဖေဖော်ဝါရီလ (ပထမပတ်)တွင် ရေဦးမြို့နေ အပြစ်မဲ့ပြည်သူနက်တူးအား ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း။

         ထို့အပြင် အဆိုပါအဖွဲ့သည် မုံရွာမြို့ပေါ်ရှိ ပြည်ထောင်စုလမ်းနှင့် ဘိုးဘွားရိပ် သာအဝိုင်းအနီး လမ်းဘေးဘယ်ညာတွင် လက်လုပ်မိုင်း ၇ လုံး၊ ဗိုလ်ချုပ်လမ်းပေါ်ရှိ “စိမ်းရောင်စုံ” ဘီယာဆိုင်အနီးတွင် လက်လုပ်မိုင်း ၂ လုံးထောင်ထားကြောင်း ဖော်ထုတ်သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ အချိန်မီဖော်ထုတ် ရှင်းလင်းနိုင်ခဲ့ပြီး  ကြိုတင်ကာကွယ်တားဆီးနိုင်ခဲ့ပါသည်။

     သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှုဆောင်ရွက်နေသူများအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြရန်နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်းတည်ငြိမ်ရေးအတွက်  ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံအပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်ထားကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၃-၂၀၂၃)

 

  • အကြမ်းဖက်မှုကိုမလိုလားသည့် ပြည်သူများ၏သတင်းပေးပို့ချက်အရ Anonymous အမည်ခံ အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ရဲရင့်ကျော် အပါအဝင် အကြမ်းဖက်အဖွဲ့ ဝင် စုစုပေါင်းတရားခံ ၁၄ ဦးအား လက်လုပ်သေနတ်မျိုးစုံ ၇ လက်၊ လက်လုပ်စိန်ပြောင်း ၅ လက်၊ လက်လုပ်မိုင်း ၁၉ လုံး၊ ကျည် မျိုးစုံ ၁၇၆ တောင့်၊ အခြားဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့
  • အဆိုပါအကြမ်းဖက်အဖွဲ့သည် CRPHNUG အမည်ခံ အကြမ်းဖက်အဖွဲ့များထံမှ ငွေကြေးထောက်ပံ့မှုများရယူ၍  လက်နက်/ခဲယမ်းများနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ  ဝယ်ယူစုဆောင်းကာ အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် အကြမ်းဖက်ဖောက်ခွဲမှု ၄ ကြိမ်နှင့်  အပြစ်မဲ့ပြည်သူများအား အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၃ ကြိမ် ကျူးလွန်ခဲ့။
  • ၎င်းတို့အား ဖမ်းဆီးရမိစဉ် ဓားစာခံအဖြစ် ဖမ်းဆီးချုပ်နှောင်ထားသည့် အပြစ်မဲ့ပြည်သူ ကျား ၂ ဦး၊ မ ၁ ဦး နှင့် ကလေးငယ် ၁ ဦး၊ စုစုပေါင်းအပြစ်မဲ့ပြည်သူ ၄ ဦးတို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက အချိန်မီကယ်တင်နိုင်ခဲ့

 

Add new comment