(၂၃)ကြိမ်မြောက် “Baltic Sea Day” ဆိုင်ရာ နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏ အဏ္ဏဝါနှင့်ကမ်းရိုးတန်း သဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာဆွေးနွေးပွဲကျင်းပ

          (၂၃) ကြိမ်မြောက် "Baltic Sea Day" ဆိုင်ရာ နိုင်ငံတကာပတ်ဝန်းကျင်ထိန်းသိမ်းရေးဖိုရမ်၏ အဏ္ဏဝါနှင့်ကမ်းရိုးတန်းသဘာဝထိန်းသိမ်းရေးနယ်မြေများဆိုင်ရာ ဆွေးနွေးပွဲကို မတ်လ ၂၂ ရက်တွင် ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့၌ Hybrid format ဖြင့် ကျင်းပခဲ့ရာ မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်ရောက်ခဲ့ပါသည်။

         ပြည်ထောင်စုဝန်ကြီးက နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီမှ အပြာရောင်စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေး ရင်းနှီးမြှုပ်နှံနိုင်မည့်နယ်ပယ်များကို ရှာဖွေဖော်ထုတ်ရန် တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်းနှင့် ကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ် ထိန်းသိမ်းရေးလုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

     ဆွေးနွေးပွဲတွင် တက်ရောက်လာသော ပတ်ဝန်းကျင်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သိပ္ပံနှင့်သုတေသန ကိုယ်စားလှယ်များက အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေများ၏ အခန်းကဏ္ဍ၊ အဏ္ဏဝါဒေသများနှင့် ကမ်းရိုးတန်းများတွင် လူသားများ၏ လုပ်ဆောင်ချက်များကြောင့် ညစ်ညမ်းမှုနှင့် ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုဖြစ်စေသည့် သက်ရောက်မှုများကို ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၃-၂၀၂၃)

 

  • ဆွေးနွေးပွဲတွင် တက်ရောက်လာသော ပတ်ဝန်းကျင်ဆိုင်ရာဌာန အဖွဲ့အစည်းများ၊ ကျွမ်းကျင်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သိပ္ပံနှင့်သုတေသန ကိုယ်စားလှယ်များက အဏ္ဏဝါထိန်းသိမ်းရေးနယ်မြေများ၏ အခန်းကဏ္ဍ၊ အဏ္ဏဝါဒေသများနှင့် ကမ်းရိုးတန်းများတွင် လူသားများ၏လုပ်ဆောင်ချက်များကြောင့် ညစ်ညမ်းမှုနှင့်ပတ်ဝန်းကျင်ဆိုင်ရာပြောင်းလဲမှုဖြစ်စေသည့် သက်ရောက်မှု များကို ကာကွယ်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။

Add new comment