ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

           ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E. Mr.Igor Krasnov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကို မတ်လ ၂၃ ရက်တွင် နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီးဌာန သံတမန်ခန်းမ၌ တွေ့ဆုံခဲ့ပါသည်။

  • တွေ့ဆုံစဉ် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဆက်သွယ်ဆောင်ရွက်ခဲ့မှု၊ ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံဥပဒေစနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက်အလက်နှင့်အတွေ့  အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးမှုများ ကျင်းပခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် လေ့လာသင်ယူခြင်းတို့အတွက် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေးတို့ကို ခင်မင်ရင်းနှီးစွာ နှစ်ဖက်အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

  • ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာကို ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်  H.E.Mr.Igor Krasnov တို့က လက်မှတ်ရေးထိုးခဲ့။

         အခမ်းအနားသို့ ဥပဒေရေးရာဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Dr. Nikolai LISTOPADOV၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယရှေ့နေချုပ်နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

       ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ် H.E.Mr.Igor Krasnov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ သံတမန်ဆက်ဆံရေး ၇၅ နှစ်မြောက် စိန်ရတုအခါသမယအတွင်း လာရောက်သောခရီးစဉ်ဖြစ်ပြီး  အဆိုပါခရီးစဉ်အတွင်း ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ဥပဒေရေးရာပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခြင်း၊ ခရီးစဉ်အတွင်းညှိနှိုင်းမှုအစီအစဉ်အရ SEMINOR ON LEGAL COOPERATION ကျင်းပနိုင်ခြင်းတို့ကြောင့် နှစ်နိုင်ငံအကြားတည်ရှိပြီးဖြစ်သော ချစ်ကြည်ရင်းနှီးမှုနှင့် ယုံကြည်နားလည်မှုကို ပိုမိုခိုင်မာစေပြီး နှစ်နိုင်ငံဆက်ဆံရေးအတွက်  အကျိုးဖြစ် ထွန်းစေနိုင်ကြောင်းနှင့် နှစ်နိုင်ငံအကြား ဥပဒေရေးရာကိစ္စရပ်များတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်စေမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၃-၂၀၂၃)

 

  • ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံအကြား ဥပဒေရေးရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စရပ်များ၊ နှစ်နိုင်ငံဥပဒေစနစ်နှင့် ဥပဒေပြုရေးဆိုင်ရာ သတင်းအချက်အလက်နှင့်အတွေ့အကြုံများ အပြန်အလှန်ဖလှယ်ခြင်း၊ ပူးတွဲဆွေးနွေးညှိနှိုင်းခြင်းများ၊ ညီလာခံများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် မျက်နှာစုံညီဆွေးနွေးမှုများ ကျင်းပခြင်း၊ အတွေ့အကြုံမျှဝေခြင်းနှင့် လေ့ လာသင်ယူခြင်းတို့အတွက် ကျွမ်းကျင်ပညာရှင်များ စေလွှတ်ပေးနိုင်ရေးတို့ကို ဆွေးနွေးခဲ့။

  • ဥပဒေရေးရာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရှေ့နေချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက် မှတ်ရေးထိုးခဲ့။

 

Add new comment