ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို မတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II) ၌ ကျင်းပပြုလုပ်ရာ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။
အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်-
- ရေသယံဇာတသည် သက်ရှိအားလုံးအတွက် အခြေခံအကျဆုံးသဘာဝအရင်းအမြစ်ဖြစ်ပြီး လူသားများအတွက် စားရေရိက္ခာ၊ သောက်သုံးရေနှင့် ဇီဝမျိုးစုံ မျိုးကွဲများအပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုလျက်ရှိကြောင်း။
- ကမ္ဘာပေါ်တွင်လူဦးရေတိုးတက်လာခြင်း၊ မြို့ပြများနှင့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ ရေလိုအပ်မှုသည် တိုး တက်လျက်ရှိကြောင်း။
- ရာသီဥတုပြောင်းလဲလာမှုနှင့် လူသားများ၏ပယောဂများကြောင့် ရေသယံဇာတနှင့် ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုများဖြစ်ပေါ်လျက်ရှိပြီး ရေအရင်းအမြစ်များလျော့နည်းလာသဖြင့် ၎င်းကိုဖြေရှင်းကြရန်အတွက် ကမ္ဘာ့နိုင်ငံများအားလုံးက ဝိုင်းဝန်း ကြိုးပမ်းဆောင် ရွက်နေကြကြောင်း။
- ယခုနှစ် ကမ္ဘာ့ရေနေ့ ၂၀၂၃ အတွက်အထူးပြုအကြောင်းအရာ “Theme ” မှာ ရေဆိုင်ရာလိုအပ်ချက်များ ဖြည့်ဆည်းရေးကို ရည် မှန်းချက်ထားသည့် “အရှိန်အဟုန်မြှင့်ရှေ့သို့ ကြိုးပမ်းပြောင်းလဲဆောင်ရွက်ခြင်း” “Accelerating Change ” ပင်ဖြစ်ကြောင်း။
- မိမိတို့နိုင်ငံတွင် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များစသည့် ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ များပြားခြင်းကြောင့် တစ်ကမ္ဘာလုံးရေချိုပိုင်ဆိုင်မှု၏ ၁.၇ ရာခိုင်နှုန်းရှိသည်ဟုသိရသည့်အတွက် ရေချိုပေါများသော နိုင်ငံဟုဆိုရမည်ဖြစ် ကြောင်း။
- မိမိတို့နိုင်ငံ၌ သဘာဝရေအရင်းအမြစ်ကြွယ်ဝသည်ဆိုသော်လည်း အချို့နေရာဒေသများတွင် သောက်သုံးရေအခက်အခဲ မလုံလောက်သည့် ပြဿနာများရှိနေပြီး အထူးသဖြင့် အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှားဒေသတချို့တွင် နွေရာသီကာလ၌ သောက်သုံးရေ အခက်အခဲများရှိနေကြောင်း။
- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာ ဖူလုံစေရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်” ဆိုသည့် ရှေ့လုပ်ငန်းစဉ်နှင့်အညီ ပြည်သူလူထုအတွက် ရေရရှိရေးနှင့်ရေအရင်းအမြစ် ထိန်းသိမ်းရေးများကို ဦးစားပေးဆောင်ရွက်ပေးလျက်ရှိကြောင်း။
- နိုင်ငံတော်အနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတမံများ ဆောက်လုပ်ပေးခြင်း စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။
- စိုက်ပျိုးမွေးမြူရေးအတွက် ရေကိုရယူသုံးစွဲရာတွင် ဆည်မြောင်းစနစ်များမှ ရယူခြင်း၊ မြေအောက်ရေကို ထုတ်ယူခြင်းများတွင် လို အပ်သလောက်ကိုသာ ရယူသုံးစွဲကြရန် ရေကိုထိထိရောက်ရောက်နှင့် အဟောသိကံမဖြစ်အောင် ချွေတာသုံးစွဲကြရန် လိုအပ်ကြောင်း။
- သက်ရှိသတ္တဝါများအတွက် ရေလုံလောက်စွာရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ် ကြောင်း။
- မိမိတို့နိုင်ငံအနေဖြင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများနှင့် ရေဆိုင်ရာ အခက်အခဲပြဿနာများကိုဖြေရှင်းနိုင်ရန် အမျိုးသားအဆင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဗဟိုကော်မတီ၊ အမျိုးသားအဆင့် ရေအရင်းအမြစ်ကော်မတီ၊ အမျိုး သား သဘာဝဘေးစီမံခန့်ခွဲမှု ကော်မတီတို့ကို စနစ်တကျဖွဲ့စည်းပြီး ရေနှင့်ဆက်နွှယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပမှ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း။
- ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို တစ်စတစ်စ ပိုမိုခံစားလာရခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ လျော့ပါးသက်သာစေရန် မိမိတို့အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လိုကြောင်း။
- ပြည်သူများအနေဖြင့်လည်း ရေနှင့်လျှပ်စစ်ကို ချွေတာသုံးစွဲရန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် သစ်ပင်များ စိုက်ပျိုးမှုတွင်ပါဝင်ဆောင်ရွက်ရန်၊ ရေအရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများ ရှောင်ရှားကြရန် မေတ္တာရပ်ခံလိုကြောင်း။
- ရေဆိုင်ရာလုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကကျသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂက ချမှတ်ထားသော ရေရှည်ဖွံ့ဖြိုး တိုးတက်ရန်ရည်မှန်းချက်များ (Sustainable Development Goals) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန်လိုကြောင်း။
- မိမိတို့နိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် “ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ” ဆိုသည့်အတိုင်း ကဏ္ဍစုံတွင် မိမိတို့လိုချင်သည့်ပန်းတိုင်များသို့ရောက်အောင် တက်ညီလက်ညီ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် ပြောကြားခဲ့။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သူများကို ဆုများပေးအပ်ချီးမြှင့်ပြီးနောက် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ် ဗီဒီယိုကိုကြည်ရှုကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြကာ ကမ္ဘာ့ရေနေ့ ၂၀၂၃ အထိမ်းအမှတ်ပြခန်းများအတွင်း လှည့် လည် ကြည့်ရှုခဲ့ကြပါသည်။
ကမ္ဘာ့ရေနေ့ ၂၀၂၃ အခမ်းအနားကို နိုင်ငံတော်၏ ရေနှင့်ဆက်နွယ်သည့် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ရေကဏ္ဍနှင့်သက်ဆိုင်သည့် ဆောင်ရွက်ချက်များ၊ ရေဆိုင်ရာ အခက်အခဲပြဿနာများ၊ ဖြေရှင်းရန်နည်းလမ်းများကို အများသိရှိသတိပြုစေရန်၊ ရေနှင့်ဆက်နွယ်သက်ဆိုင်သူများအား အသိပညာပေးရန်နှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် လှုံ့ဆော်ရန်၊ ရေနှင့်ဆက်နွယ်သည့် နိုင်ငံတကာလှုပ်ရှားဆောင်ရွက်မှုများတွင် မြန်မာနိုင်ငံ၏ အလေးထားပါဝင်ဆောင်ရွက်မှုကို ပေါ်လွင်စေရန် စသည့် ဦးတည်ချက် ၃ ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၃-၂၀၂၃)
- ရေသယံဇာတသည် သက်ရှိအားလုံးအတွက် အခြေခံအကျဆုံးသဘာဝ အရင်းအမြစ်ဖြစ်ပြီး လူသားများအတွက် စားရေရိက္ခာ၊ သောက်သုံးရေနှင့် ဇီဝမျိုးစုံ မျိုးကွဲများအပါအဝင် ဂေဟစနစ်ကို အထောက်အပံ့ပြုလျက်ရှိ။
- မိမိတို့နိုင်ငံတွင် မြစ်ချောင်းများ၊ အင်းအိုင်များ၊ သဘာဝရေထွက်များစသည့် ပုံစံအမျိုးမျိုးဖြင့် ရေချိုအရင်းအမြစ်များ များပြားခြင်းကြောင့် တစ်ကမ္ဘာလုံး ရေချိုပိုင်ဆိုင်မှု၏ ၁.၇ ရာခိုင်နှုန်းရှိသည်ဟု သိရသည့်အတွက် ရေချိုပေါများသော နိုင်ငံဟုဆိုရမည်ဖြစ်။
- မိမိတို့နိုင်ငံ၌ သဘာဝရေအရင်းအမြစ်ကြွယ်ဝသည်ဆိုသော်လည်း အပူပိုင်းအညာဒေသ၊ မိုးခေါင်ရေရှားဒေသတချို့တွင် နွေရာသီကာလ၌ သောက်သုံးရေ အခက်အခဲများဖြစ်ပေါ်လျက်ရှိ။
- နိုင်ငံတော်အနေဖြင့် ရေရှားပါးသည့်ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေကို သွယ်တန်းပေးခြင်း၊ အဝီစိတွင်းများ တူးဖော်ပေးခြင်း၊ ဆည်တာတမံများ ဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ စသည့်ရေရရှိနိုင်မည့် နည်းလမ်းမျိုးစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိ။
- သက်ရှိသတ္တဝါများအတွက် ရေလုံလောက်စွာရရှိရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဦးစားပေးဆောင်ရွက်သွားရမည်ဖြစ်။
- ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို တစ်စတစ်စ ပိုမိုခံစားလာရခြင်းကြောင့် ဆိုးကျိုးသက်ရောက်မှုများ လျော့ ပါးသက်သာစေရန် မိမိတို့အားလုံး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန်လို။
- ရေဆိုင်ရာလုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက်အဓိကကျသည့်အတွက် ကမ္ဘာ့ကုလသမဂ္ဂကချမှတ်ထားသော ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ရည်မှန်းချက်များ (Sustainable Development Goals) ကို အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် အားလုံးဝိုင်းဝန်းပါဝင် ဆောင်ရွက်ပေးကြရန်လို။
Add new comment