(၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲပြုလုပ်

         ၂၀၂၃ ခုနှစ်၊ (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/အမျိုးသမီး စက်ဘီးစီးပြိုင်ပွဲကို မတ်လ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်)မှ ကျောင် းသား၊ ကျောင်းသူများ၊ စက်ဘီးအားကစားဝါသနာရှင်များဖြင့် စည်ကားခဲ့ကြောင်း သိရှိရပါသည်။

        အဆိုပါ စက်ဘီးစီးပြိုင်ပွဲတွင် Mountain Bike အမျိုးသား ၃၃ ဦး၊ Road Bike အမျိုးသား ၁၂၀ ဦး၊ Road Bike အမျိုးသမီး ၁၈ ဦးနှင့် တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမျိုးသမီးဝန်ထမ်း ၅၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်ရှိ မိဘပြည်သူများက ပျော်ရွှင်အေးချမ်းစွာအားပေးခဲ့ကြပြီး ဆုရရှိကြသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုတံဆိပ်နှင့်ဂုဏ်ပြုချီးမြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၃-၂၀၂၃)

 

  • (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား/ အမျိုးသမီး စက်ဘီးစီး ပြိုင်ပွဲကို မတ်လ ၂၁ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ရာ Mountain Bike အမျိုးသား ၃၃ ဦး၊ Road Bike အမျိုးသား ၁၂၀ ဦး၊ Road Bike အမျိုးသမီး ၁၈ ဦးနှင့် တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ အမျိုးသမီးဝန်ထမ်း ၅၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြိုင်ပွဲလမ်းကြောင်းတစ်လျှောက်ရှိ မိဘပြည်သူများက ပျော်ရွှင်အေးချမ်းစွာ အားပေးခဲ့။

 

Add new comment