တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်) သည် ရခိုင်ပြည်နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

         ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ  ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နှင့်ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၁၃ ရက်မှ ၂၁ ရက်ထိ စနဲမြို့၊ မြေပုံမြို့နှင့် ပေါက်တောမြို့တို့ရှိ ပတ်ဝန်းကျင်ကျေးရွာ များမှ ဒေသခံပြည်သူ ၆,၂၆၃ ဦးအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

        ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၂,၃၁၉ ဦး၊ ခွဲစိတ်ရောဂါ ၂၆၀ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၀၇ ဦး၊ ကလေးရောဂါ ၃၇၂ ဦး၊ အရိုးရောဂါ ၁,၀၃၉ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ  ၃၈၇ ဦး၊ မျက်စိရောဂါ ၁,၂၀၂ ဦးနှင့် သွားနှင့် ခံတွင်းရောဂါ ၄၇၇ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ပြုလုပ်ခဲ့သည့်အပြင် ခွဲစိတ်ကုသရန်လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၂၉ ဦး၊ မျက်စိခွဲစိတ်လူနာ ၅၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၁၃ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၄၇၆ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၄၇၅ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၁၃ ဦးတို့ကို ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

       ထို့သို့ ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရပြည့်စားသောက်ဖွယ်ရာများ ပေးအပ်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့် လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၃-၂၀၂၃)

 

  • တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်) သည် မတ်လ ၁၃ ရက်မှ ၂၁ ရက်ထိ စနဲမြို့၊ မြေပုံမြို့နှင့် ပေါက်တောမြို့တို့ရှိ ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၆,၂၆၃ ဦးအား  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ခဲ့
  • ကျန်းမာရေးစောင့်ရှောက်မှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး အာဟာရပြည့်စားသောက်ဖွယ် ရာများပေးအပ်ကာ ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့  တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့

Add new comment